အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.8K 275 5
                                    

အပိုင်း (11)

"ကိုယ့်ကို ယုံ.... မင်းကို ဘယ်တော့မှ မပြစ်ဘူး မောင်းမ ထုတ်ဘူး.....တိတ်တော့ မျက်လုံးတွေ ယောင်နေတော့ မယ်...... ကိုယ့်က ငိုတာမကြိုက်ဘူးနော်........"

မောင်းထုတ်မှာ စိုးလို့ ချက်ချင်းတိတ်သွားတယ်...... ဒါပေမဲ့ ရှိုက်သံလေးထွက်နေတုန်းပဲ..... အာရုံလွှဲလိုက်တဲ့ အနေ နဲ့ ....

"မုန့်စားမလား..... "

"ဟင့်အင့်..... မစားတော့ဘူး..... ကျန်ကျန့် ဒီမှာနေရင် ဘာ အလုပ်လုပ်ပေးရမလဲ..... လုပ်ပေးမလို့ပါ..... ဟို အိမ်မှာဆို ရင် ကျန်ကျန့်ခြံတွေ ဘာတွေ ရှင်းတာတို့ အပင်တွေ ပေါင်း သင်းတာတို့ အကုန်လုပ်တက်တယ်..... ဘာလုပ်ပေးရမလဲ ဟင် ......"

စချင်တာနဲ့.....

" ထမင်းဟင်းချက် ပေးရမယ်....."

ပါးစပ်ကလေး ဟသွားပြီး ကြည့်လာတဲ့ ယုန်လေး....

" စတာ ....သွားအိပ်တော့....အခန်းမှာ.... "

"ဟုတ်...."

သူအပေါ်တက်လာတော့ ယုန်ပေါက်က အိပ်ပျောနေပေပြီ....
တကယ် ကလေး လေးလို အဖြူထည်လေးပဲ..... ငယ်ငယ် ရွယ်ရွယ်နဲ့ မိဘ မရှိရှာတော့ဘူး...... သက်ပျင်းချလိုက် ပြီး.....

"အိမ်မက်လှလှ လေးမက်ပါစေ ယုန်လေး...."

စောင်းလေးကို အပေါ်ထိ ခြုံပေးလိုက်ပြီ..... အခန်းတံခါးလေး ပိတ်ပြီးပြန်ထွက်လာခဲ့လိုက်တယ်......

"တီ.....တီ......"

နှိုးစက်သံကြောင့် အိပ်ရာကနေ အမြန်ထပြီး ကိုယ်လက် သန့် စင်ပြီး မနက်စာ ပြင်ဆင်ဖို့ အောက်ထပ်ကို ဆင်းလာလိုက် တယ်.....ကျန်ကျန့်တစ်ယောက် စားစရာနဲ့ပတ်သတ် ပြီး သိပ်မလုပ်တက်ပေ...... yiboက လုပ်စရာမလိုဘူး ဆိုပေ မယ့် ကျန်ကျန့် အလကားအခန့်သား နေသလို ဖြစ်နေတော့ လုပ်ပေးသင့်တယ်လေ...... ဟိုမှာ နေတုန်းကတော့ အိမ်ကြီး ကို ခေါ်မှ လာရတယ် အစားဆိုရင်လည်း သူတို့ ကျန်တဲ့ ဟာမှ ကျွေးတာ ကျွန်တော်ကူညီမယ် ဆိုရင် သူတို့ကို အဆိပ် ခတ်မှာ စိုးလို့တဲ့...... ထမင်းကြော်လိုက်မယ်..... စား လောက်မှာပါ..... အဆင့်သင့်ဖြစ်တဲ့အချိန်လောက်..... yibo အောက်ကို ဆင်းလာတော့တယ်.....

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now