အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.1K 220 4
                                    

အပိုင်း (24)

မျက်လုံးလေး မှိတ်ပြီး ခုန်ချလိုက်တော့ လေတွေ ပင့်တိုက် လာတာ ခံစားရပြီးနောက်........ နွေးထွေးတဲ့ရင်ခွင်ထဲသို ပြုတ်ကျ သွားတယ်....... အခုမှပဲ သက်ပြင်းချ မိတော့ တယ်...... yibo ဖမ်းလိုက်နိုင်သာပဲ.....

သူရင်ခွင်ထဲက ယုန်လေးကို ကြည်ပြီး အခုမှပဲ စိတ်အေးသွား ရတယ်...... မြေပေါ်ကို ဖြေးဖြေးလေးချပေးလိုက် ပြီးမှ....
ဒေါသမရှိတော့ပေမယ့် မျက်နှာကို ပြန်တင်းလိုက်တယ်... သူရှေ့မှာ ခေါင်းငုံပြီး ရပ်နေတဲ့ ကျန်ကျန့်ကို......

"ပြောပါဦး.... ဖြေရှင်းချက်ပေးပါဦး ရှောင်ကျန့် မင်ကို အိမ်မှာပဲနေခိုင်းတာကို ဘာလို သစ်ပင်ပေါ်ရောက်သွား တာလဲ...... ရှင်းပါဦး.... "

"ဟိုလေ.... သစ်ပင်ပေါ်ကနေ ငှက်သိုက်လေးတစ်ခု ကျလာ လို့ ပြန်တင်ပေးတာ ပြီးတော့မှ မဆင်းတက်တော့တာ သတိရ သွားတာ...... ပင်ပန်းအောင် လုပ်မိသွားလို့ ကျန်ကျန့် တောင်ပန်းပါတယ်...... ဟင့်ဟင့်.... "

"ဟိတ်..... အပြစ်လုပ်တာ ဘယ်သူလဲ ပြီးတော့ ငိုသေး တယ်....."

"ငိုတာ မဟုတ်ပါဘူး သူဘာသာ မျက်ရည်ကျလာတာ......"

အရမ်းချမ်းလွန်းလို့ ပြီးတော့ အမှောင်ထဲမှာ နေရတော့ ကြောက်နေတာ နှစ်ခုလုံး ပေါင်းပြီး တုန်နေတဲ့ ကိုယ်လေးကို သူ့အပေါ်အင်္ကျီးလေးကို ခြုံပေးပြီး သိုင်းဖက်လိုက်တော့ ရုန်း နေတော့ ပိုပြီး တင်းကျပ် အောင် ဖက်လိုက်ရင်းမှ......

"မင်းတို့ အားလုံးကို ကျေးဇူးတင်တယ် ပြန်လို့ရပြီ...... "

ဒါလေးပဲ ပြောပြီး အားလုံးကို သွားခိုင်းလိုက်တော့...... ကျန်ချန်း ကတော့ သဘောကျစွာဖြင့် ခေါင်းခါလိုက်ပြီး..... ရယ်လျက် ထွက်သွားတော့တယ်.... ကြည့်ရတာ သူ့သူငယ် ချင်းက ရောဂါက အရမ်းပြင်းတယ်..... ဆေးမမှီးတော့ ပေ..... သူ့မျက်လုံးထဲမှာ ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက လွှဲရင် ဘာမှ မမြင်တော့တဲ့ ပုစံပင်...... သူငယ်ချင်းကို ဘာမှ မပြောတော့ဘဲ နောက်ပြန်လှည့်ပြီး.....

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now