အမှောင်လမ်းမှ ကယ်တင်ရှင်(U+Z)

14.4K 427 15
                                    

အပိုင်း (1)

အဝေးပြေးလမ်းမပေါ်မှာ တရွေ့ရွေ့ပြေးနေတဲ့ ကားလေးတစ် စီး ထိုကားလေးနောက်ကို အမဲရောင်ကားလေး (5)စီး လောက်က ထပ်ချပ်မကွာ လိုက်လာလေတော့တယ် အမဲ ရောင် ကားလေးပေါ်က လူတွေမှာ လက်နက်တွေပါပြီး ရှေ့ ကားလေးပေါ်မှာတော့ မိသားစု နှစ်စု တစ်စုက ဝမ်မိသားစု နှင့် ရှောင်မိသားစု တွေပဲဖြစ်တယ်...... ယောကျာ်း နှစ်ယောက်က ကြောက်နေတဲ့ သူတို့မိန်းမတွေကို အားပေး ရင်း ဘေးလွှတ်ရာကို ထွက်ပြေးနေကြတယ်.... ကလေးတစ် ယောက်စီကို ပွေ့ချီထားတဲ့ အမျိုးသမီးတွေက ကြောက်ပင် မယ် ကလေးတွေ အန္တရာယ်ဖြစ်မှာ စိုးလို့ ထိန်းကိုင်ထားတယ်
နောက်က ကားများကလည်း မှီလုမှီးခင်း ဖြစ်လာ တော့ တယ်.......

"အစ်ကို မှီတော့မယ် ဘယ်လို လုပ်မလဲဟင်......"

ဝမ်ကတော်ကမေးတော့ ဝမ်ဖေရန်းကနေ

"မကြောက်နဲ့ ကိုယ်တို့ မသေသရွေ့မင်းတို့ နှစ်ယောက်လုံး ဘာမှ မဖြစ်စေရဘူး အစ်ကို အာမခံတယ်......"

​ရှောင်ကတော်ကတော့ ငိုနေတယ်......

"ညီမကြောက်တယ် မလွတ်တော့ရင် ဘယ်လိုလုပ်မလဲ သူတို့က မိတာနဲ့ သတ်မှာ.... ဟင့်ဟင့်...... "

"အစ်ကိုရှိတယ်နော် တိတ်တိတ် သားတွေ ကြောက်နေလိမ့် မယ်......"

ကလေးတွေကို ကြည့်တော့ ကျန်ကျန့်လေးက ငိုမဲ့မဲ့လေးဖြစ် နေပြီ..... ဝမ်လေးကတော့ အဖေအတိုင်းပဲ ကလေပေမဲ့ မျက်နှာ တစ်ချက်မပြတ်ပေ...... ဒါပေမဲ့ ငိုမဲ့မဲ့ဖြစ်နေတဲ့ ရှောင်ကျန့်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားပေးပြီ......

"မကြောက်နဲ့ကိုကို ညီလေးရှိတယ်......ကိုကို ကို ညီလေး
ကာကွယ်ပေးမယ်.... ရော့... ဒီမှာကိုကို ဆွဲကြိုးလေး ယူထား ဒီဆွဲ ကြိုးလေးက အန္တရာယ်မဖြစ်အောင် ကာကွယ် ပေးလိမ့်မယ်နော်..... မငိုရဘူးနော် ကိုကိုကြားလား......"

"အင်းပါ......"

7နှစ်အရွယ်ကလေးက 8နှစ်အရွယ် ကလေးကို နှစ်သိမ့်ပေး နေတာ တကယ်လူကြီးအတိုင်းပဲ..... ပြောနေတာကို ကြည့် ပြီး ဝမ်ဖေးရန်က......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now