အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

2.9K 208 6
                                    

အပိုင်း (25)


ဖန်ရှင်းတစ်ယောက် yiboတို့ကို သွေးခွဲရမလဲ စဥ်းစာနေမိ တယ်...... သူမတို့တွေ မနက်စား အတူတူစားပြီး yibo လည်းအလုပ်သွား..... ရှောင်ကျန့်က စာသင်နေတော့ သူမ လည်းအခန်းထဲ ပြန်ဝင်ပြီး အကြံထုတ်နေမိတယ်...... အချိန် မဆွဲချင်တော့ဘူး..... သံယောဥ်ဇင်တွေက အချိန်ကြာရင် ဖြတ်ရခက်တယ်...... ပြီးတော့ yibo သာတကယ်ချစ်တာ မှန်ရင် ဘယ်သူမှ တားလို့ မရနိုင်ပေ..... ဒါကြောင့် သူမ အချိန် မဆွဲချင်တာပါ.......

"ဟူး......."

သူမ စိတ်တွေ မောပြီး ပူပန်းနေမိတယ်..... yibo မကြိုက် တဲ့ ကိစ္စကို လုပ်ရမှာဆိုတော့ နည်းနည်းတော့ စိတ်ပူမိ တယ်..... အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး ငါ့ လုပ်သင့် တဲ့ ကိစ္စပဲ yiboကို ကောင်းစေချင် လို့လုပ်တာဆိုတော့ ငါ့မှန်တယ်......

စာသင်ချိန်တွေပြီးတော့ ခြံထဲရှိ ပန်းပင်လေးတွေကို ပေါင်း သင်နေလိုက်တယ်...... အလုပ်တွေ လုပ်နေရတော့ စိတ်က လေးကြည်လင်ပြီးနေရတာ ကောင်တယ်.....

"ကျန်ကျန့်ရေ...... "

"ဟုတ်..... ဖန်ရှင်း ကျွန်တော် ဘာလုပ်ပေးရမလဲဟင်..... "

Yiboနဲ့ လက်ထပ်မယ်သူ့ဆိုတော့ သူမလည်း ဒီအိမ်ကြီးရဲ့ သခင်ပဲလေ ဒါကြောင့် ရိုရိုသေသေပြောသင့်တယ်လေ..... ဒါမှ သူကို အဆိုးတွေ မမြင်မှာလေ..... ပြောသာပြောတာ ဖန်ရှင်းက ရုပ်ကလေးက ကြွေရုပ်ကလေးလို့ လှပြီး ချစ်စရာ ကောင်းလိုက်တာ...... ဒါကြောင့် yiboက သူမကို တော် တော် ချစ်တာ ပြီးတော့ သူမကို မျက်နှာတစ်ချက် အပျက် မခံတာ..... မနက်ကဆို သူမစားချင်တဲ့ မုန့်တွေကို ပြင်ပေး ထားတာကြည့်ရင် yibo ဘယ်လောက် သူမကို မြတ်နိုးလဲ ဆိုတာ သိနိုင်တယ်လေ......အရမ်းကံကောင်းတာပဲနော်..... ငါ့ကိုလည်း ဒီလို ချစ်နိုင်တဲ့ သူတစ်ယောက်လောက် လို ချင်လိုက်တာ.......

"ဟိတ်..... ဘာတွေ စဥ့်းစားနေတာလဲ..... တို့ခေါ်နေတာ ကြာပြီလေ....ကျန်ကျန့်ရဲ့......"

"သြော်....ဟုတ်ပါဘူး ကျွန်တော်တွေးနေမိတာ ဖန်ရှင်းလို သိပ်လှတဲ့ သူကို yibo ရှာနိုင်တာ တော်တော် ကံကောင်း တာပဲလို့..... တွေးနေမိတာပါ......"

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now