အမှောင်လမ်းမှကယ်တင်ရှင် (U+Z)

3.1K 207 12
                                    

အပိုင်း(20)

သူတို့ ကောင်းကောင်းပြောခဲ့ပြီးထားခဲ့တဲ့ ကောင်လေးက ပန်းခြံလေးရဲ့ ထောင့်မှာ သည်းကြီးမဲကြီးရွာနေတဲ့ မိုးထဲမှာ အသိမဲ့စွာ ထိုင်ရင်းငိုနေတယ်....... ခန္ဓာကိုယ်က မိုးရဲ့ ဒဏ်ကြောင့် ခန္ဓာကိုယ်လေးက တစ်စစ် တုန်နေတာ တောင် ဂရုမစိုက်နိုင်တဲ့ ကောင်လေး .......... သည်းထန်းစွာရွာနေတဲ့ မိုးရေထဲ ငိုကြွေးနေတဲ့ ကောင်လေးကို အငြိုးကြီးစွာ နှိပ်စကနေတယ်..... အရှက်ကွဲပြီး နှလုံးသား တစ်ခုလုံး ရစရာ မရှိအောင် စုတ်ပြတ်နေပြီ......နောက်ဆုံး အသိမဲ့စွာ ပြောခြင်းက......

"ငါ့.... ဒီမိုးနဲ့ အတူ တခါတည်း သေဆုံးသွား ပါစေ....."

ဆုတောင်သံလေးအဆုံးမှာ...... မြေပြင်ပေါ်သို ပုံလျက်လဲ ကျသွားတော့တယ်.......မိုးရေထဲမှာ မေ့လဲနေလို့ ပန်းခြံ စောင့်တွေက တွေ့ပြီးဆေးရုံးပေါ် တင်ပေးပြီး သူကို အ ကြောင်းကြားခဲ့တယ်..... ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်း သား ဘဝထဲက သူတို့ ပန်းခြံလေးထဲမှာ သူငယ်ချင်း တွေနဲ့ သွားပြီး ပျော်ပါးနေခြင်းကြောင့် လုံခြုံ ရေးတွေက သူ့ကို သိ ၍ သူနဲ့ ပတ်သတ်မယ် ထင်ပြီး အ ကြောင်းကြား ခဲ့တာ လေ....... ဒါကြောင့် သူ့ဆေးရုံးကို လိုက် သွားတော့ ဆေးရုံကုတင်လေးပေါ်မှာ မေ့မျော့နေတဲ့ ကောင်လေး ကို တွေ့တော့ အားနားသွားမိလို့ စောင့်ပေးနေရင်...... ရှောင်ကျန့် ရဲ့ ကျော်ပိုးအိတ်လေးကို အမှတ်မထင် ကြည့် မိတယ်...... သူများရဲ့ ကိုယ်ရေးကိုယ်တာ မို့မကြည့် သင့်ပေမဲ့ ရှောင်ကျန့် ဘာတွေရေးထားလည်း သိချင်မိ တယ်......ပထမဦးဆုံးရေးထားတာက သူဘဝအကြောင်း.... နောက်ပိုင်းသူနဲ့ တွေ့ခဲရတဲ့ အကြောင်း ပြီးတော သူနဲ့ ဒီနေ့ လမ်းခွဲခဲ့ရတဲ့ အကြောင်းတွေကို ရေးထားပြီး သူခံစားရသမျှ ကို ရေးထားတယ်.......


"တောင်ပန်းပါတယ် ရှောင်ကျန့် မင်းကို ချစ်ဖို့ကြိုးစားခဲ့ပါ တယ် ...... ဒါပေမဲ့ ယောကျာ်းလေးတစ်ယောက်ကို လက် ထပ်ဖို့ထိ ကိုယ်မရဲရင့်ဘူး......ပတ်ဝန်းကျင်ကိုလည်း မကြည့် ဝံဘူး.... အဆိုးဆုံးအချက်က မင်းရဲ့ ရုပ်ဆိုးဆိုးပုံစံက ကိုယ်
နဲ့ ပွဲတက်ပြီး လူတောမတိုးနိုင်ဘူး......."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now