အမှောင်လမ်းမှကယ်တင်ရှင် (U+Z)

2.7K 182 3
                                    

အပိုင်း (34)

ဆေးရုံးရောက်ရုံးပဲရှိသေးတယ်...... ဆေရုံးရောက်တော့ ကားတိုက်မှုဖြစ်တဲ့ သူ့ဇနီးနဲ ကလေးနှစ်ယောက်လုံး အ သက်မရှိတော့ပေ...... သူရောက်သွားတော့ အဖြူရောင် ပိတ်စနဲ့ အုပ်ထားတဲ့ သူရဲ့ မိသားစုတွေက သူလုံးဝကို သူ့ အား ထာဝရခွဲခွာသွားခဲ့ပြီ....... သူ့နှလုံးသားတစ်ခုလုံး ထုတ်လိုက် သလိုခံစားနေရတယ်...... သူ့တစ်နှစ်လောက် ဘယ်မှ မထွက်ပဲ အိမ်ထဲမှာနေခဲ့တဲ့ သူကို ညီဖြစ်တဲ့ သူက အိမ်လာပြီး ဂရုစိုက်ပေးတယ်...... သူအရမ်းကျေးဇူးတင်မိ တယ် သူကိုလည်း ဒီလိုဖြစ်နေတဲ့ အချိန်မှာ မွေးစားမိဘတွေ ကလည်း ဂရုစိုက်ပေးတယ်...... သူဒီလို ကြာကြာနေရင် မွေးစားမိဘတွေကို ဒုက္ခပေးသလို ဖြစ်နေပေလိမ့်မယ်..... ဒါ​ကြောင့် ငါ့ရဲ့အလုပ်တွေ ပြန်လုပ်တော့မယ်ဆိုပြီး မေမေတို့ကို အသိပေးရမယ်...... အလုပ်ပြန်လုပ်တော့မယ့်အကြောင်းကို
ပြောပြရန် မွေးစားအမေအိမ်ရောက်တော့ ..... သူအော် ခေါ်ရင် ပျော်စရာမကောင်းတော့မှာ စိုးလို့ မေမေတို့ကို အံသြစေချင်လို့ သူတိတ်လေး ဧည့်ခန်းနား ကို ရောက်တော့ ကြားလိုက်ရတဲ့ စကားက သူနားပင် မယုံနိုင် ဖြစ်သွားတော့ တယ်......

"မင်းကို စုံစမ်းထားတာတွေ အကုန်လုပ်ပြီးပြီးလား...... ပြီး တော့ သူမိသားစု ​​သေသွားတာ သာမန်သေဆုံးမှုလို့ ထင်နေ တာ...... အဲဒီလို ဖြစ်အောင် အစအဆုံးလိုက်ပိတ် လိုက်ရ တာ မပြောပါနဲ့...... တစ်ဖက်က လူကတော့ ကံဆိုးသွားတာ အကုန်လုံးက အဲဒီလူရဲ့ အပြစ်ဖြစ်သွားတာ စိတ်မကောင်းစ ရာပဲ....... ဒါကလည်း ငါ့တို့က ဝမ်ကျားဟုန်ကို သတ်တာ အဲ့ဒါသူအတွက် စီစဥ်ထားတဲ့ ကားကို အငယ်ကောင်လေး ယူသွားပေးတာ ဒါမှလည်းသူ သံသယ မဝင်မှာလေ....... သူက သူညီကိုဆိုအရမ်းယုံတာလေ အဲဒါကြောင့် သူမိန်မသေ တာပေါ့...... "

လို့ သူမွေးစားမေမေကိုယ်တိုင်က ဒီကိစ္စကို ထုတ်ပြောလာခဲ့ တယ် တခြားသူပြောရင် ယုံမှာတောင် မဟုတ်ဘူးဘာကြောင့် ငါ့ကို သတ်ချင်တာလဲ ငါ့ဘာအမှားမှ မလုပ်ခဲ့ဘူး ဘာလို့ အေးချမ်းနေတဲ့ မိသားစုကို လာပြီး ဖျက်စီးရတာလဲ မေမေ ရယ်......မေမေသာလိုချင်ရင် ကျွန်တော် အသက် တောင် ပေးရဲ တဲ့သူပါ ဘာအပစ်မှ မရှိပဲ အခုမှ လူလောက ထဲ ဝင်လာတဲ့ ကလေးလေးတွေကိုတောင် လုပ်ရက်တယ်.....
ဘာကြောင့်များ အဲလိုလုပ်ရတာလဲ........ အရမ်းရက်စက် တယ်မေမေရယ်.......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now