အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

2.9K 182 2
                                    

အပိုင်း (48)

Yiboတစ်ယောက် ကျိုးမုန့်ကျင် ရဲ့ မျက်နှာကို အရသာခံ ကာကြည့်လိုက်ပြီးမှ........

"ကျွန်တော်လိုချင်တာက ကျန်ကျန့်လေးရဲ့ မိသားစုအတွက် အမှန်တရားကို ပြောပြပေးဖို့ပါ...... အဓိက ကျန်ကျန့် အမေ က သူအဖေကို သတ်တဲ့ လူသတ်သမား မဟုတ်ဘူးဆိုတာ.... တလောကလုံးကို သိစေချင်တယ်....... သူအတွက်ငွေမလို ဘူး အခုခင်ဗျားသုံးနေတဲ့ ငွေကြေး ဥစ္စာပစ္စည်းတွေကိုသူ မမက်ဘူး သူလိုချင်ရင် ကျွန်တော်ရှာတဲ့ ငွေကို သူကြိုက် သလောက်သုံးပါစေ ကုန်သွားမှာ မဟုတ်ဘူး...... ကျွန်တော် လိုချင်တဲ့ အရာက သူမိသားစုဘယ်လိုသေဆုံးသွားလဲဆိုတာ ပြောပြပေးစေချင်တယ်........"

"ဟားဟား........ငါ့က ဘာလို့ လုပ်ပေးရမှာလဲ ငါ့တို့ဘက်က အနိုင်ရနေတာကို သေတောင်မပြောဘူး....... လူသတ်သမား သားဖြစ်တာများ သူကနာရတယ်ရှိသေးတယ် မလုပ်ပေး နိုင် ဘူး အထူးသဖြင် ရှောင်အိမ်က လူမှန်သမျှ ဘယ်တုန်း ကမှ ငါ့တို့ လက်အောက်မှ သီးသန့် နေခွင့်မရှိစေရဘူး...... သူအ ဖေ တောင်ငါ့တို့ကို မလွန်ဆန်နိုင်တာ သူသား ရှောင်ကျန့် ဆိုရင်မော့ပြီး တောင်မကြည့်စေရဘူးဟေ့...... မင်းပြန် တော့......"

"ကျွန်တော်လာတာ ခင်ဗျားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လာတာ မ ဟုတ်ဘူး......... ပြီးတော့ အမိန့်ပေးဖို့ မကြိုးစားနဲ့..... အမိန့် တိုင်းကို နာခံတက်ပြီး ခေါင်ငြိမ့်နေတဲ့ သူထဲမှာ ကျွန်တော် မပါဘူး........ ကောင်ပြီးလေ ခင်ဗျားညီတွေက အပြစ်ခံ ထိုက်လို့ ထောင်ကျနေတာ ဝမ်းနည်းစရာ မရှိပေမယ် ခင်ဗျား သမီးရဲ့ ဖုံးကွယ် ထားတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်လိုက်ရင် သိက္ခာကျ အရှက်ရပြီး တစ်သက်လုံး........မျက်နှာ မပြရဲ အောင်ဖြစ်သွားလိမ့်မယ်........ စဥ်စားပါ ခင်ဗျာက အသက် ကြီးပြီး ခင်ဗျားသမီးက ငယ်သေးတယ်နော်......"

"မဖြစ်နိုင်ဘူး...... လုံးဝ မဖြစ်နိုင်ဘူး....... ငါ့သမီးက ဘာမှ အပြစ်မရှိတာ မင်း ချောက်ချတာပဲဖြစ်မယ့်......."

သွေးပျက်စွာနဲ့ ကျိုးသခင်ကြီးကပြောလာ တယ်........

"ခင်ဗျာ မယုံရင် ရော့ ဒီမှာ ဓာတ်ပုံ အလိမ်အညာလို့ ထင်ရင် သမီးကို ကိုယ်တိုင်မေးကြည့်ပေါ့ ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ အဖြေရမှာပေါ့...... မဟုတ်ဘူးလား......"

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now