အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

4.4K 295 5
                                    

အပိုင်း(4)

"ကျွီ......"

ကားနက်ကြီးတစ်စီး ကျန်ကျန့် သေပြီလို့ထင်ပြီး မျက်လုံး မှိတ်လိုက်ပြီး ကြောက်တက်တဲ့ အကျင့်ကြောင့်........ လောကကြီးနှင့် အဆက်ပြတ်သွားတော့ တယ်......

"ဘာဖြစ်တာလဲ...... "

ကားမောင်းသမားကြီးမှ.....

"သခင်လေး.....လူတစ်ယောက် ကားရှေ့ကဖြတ်ပြေတာ တိုက်မိသွားလား မသိဘူး..... ကျွန်တော် သွားကြည့် လိုက်ဦးမယ်....."

ဆင်းကြည့်တဲ့ ကားမောင်းသမားကြီးက.........

" သခင်လေး တိုက်တော့ မတိုက်မိဘူး.... ဒါပေမယ့် ကောင်လေး က သတိမေ့နေတယ်...... လမ်းမှ ထားခဲ့လည်း ကောင်လေးဆိုပေမယ့် အန္တရာယ်များတယ်..... ဘယ်လို လုပ်ရမလဲ......"

"ကျွတ်..... ကျွန်တော် ဆင်းကြည့်မယ်........"

သူကားပေါ်ကဆင်းလာတော့ နွမ်းဖတ်နေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ကောင်လေးက ရုပ်ကလေးက ဖြူပြီးသန့် နေတယ်...... မျက်နှာလေးက ကလေးငယ် တစ်ယောက်လို အပြစ်ကင်စင်တဲ့ ပုံစံလေး...... အရပ်ရှည်သလောက် ခန္ဓာ ကိုယ်လေး သေးသွယ်တဲ့ ကောင်လေး နောက်ဆုံးအချက် ကတော့ လှပတဲ့ မျက်နှာလေးရှိ နှုတ်ခမ်းလေးရဲ့ အောက် မှာ မှည့်နက်ကလေးနဲ့ ထိုကောင်လေးကို ကြည့်ပြီး အရုပ် ကလေးပါလား.........ချစ်ဖို့တော့ ကောင်းသား....... မှတ်ချက် ပေးမိတယ်....

"သခင်လေး...... ကျွန်တော်ချီလိုက်မယ်......"

"မလိုဘူး...... ဖယ်....."

ပြောပြီး ​ကောင်လေးကို ပွေ့ချီလိုက်တယ်..... ပြီးတော့ ကား နောက်ခန်းထဲကို ပွေ့ပြီးထည့်လိုက်တယ်.......အံသြသလို ကြည့်နေတဲ့ ကားမောင်းသမားကြီးကို မမောင်းဘူးလား....

"ဟုတ်သခင်လေး......"

စာသောက်ဆိုင်းကြီး တစ်ခုရောက်တော့ ကားရပ် လိုက်တယ်.......

"သခင်လေး...... ရောက်ပါပြီ..... "

ကောင်လေး ပုံစံက ချမ်းနေသလို မျိုးမို့ သူအပေါ်ဝတ်ကို ခြုံပေးထားလိုက်တယ်.......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now