အပိုင်း(23)
ကားလေးထိုးရပ်ပြီး မီးဖိုဆောင်ခန်းထဲကို ဝင်လိုက်ပြီး ....
"အန်တီ ကျွန်တော်ကို ဒါလေးနွေးပေးပါ...... ကျန်ကျန့် အပေါ်မှာလား..... ထမင်းစားပြီးပြီလား....... "
"ဟင့်အင့်..... သခင်လေးသွားပြီး ကတည်းက အခန်းထဲက မထွက်လာဘူး..... အိပ်ပျော်နေတယ် ထင်ပြီး သွားမနှိုးလိုက် တာပါ....."
"ဘာလို မနှိုးတာလဲ..... အစားမစားရင် ဗီုက်အောင့်ပြီး အစာအိမ်တွေ ဘာတွေ ဖြစ်တော့မှာပဲ..... ကျွန်တော် သွားကြည့်လိုက်ဦးမယ်....... "
"Yibo အိတ်တွေ ဘာတွေတောင် ကူမသယ်ပေးဘူး ဒီတိုင်း ထားခဲ့တယ်......ဘာတွေ အလုပ်ရှုပ်နေတာလဲ......"
" အန်တီတစ်ချက်လောက် ကူသယ်ပေးလိုက် ပါနော်......ပြီး ရင် အခန်းပါ တစ်ခါတည်းပို့ ပေးလိုက်နော်... ကျွန်တော် အ ပေါ်တက်တော့မယ်..... "
အခန်းရှေ့ရောက်တော့......
"ကျန်ကျန် ......ကျန်ကျန့် တံခါးလာဖွင့် ကိုယ်မင်းအတွက် ဟော့ပေါ့ ဝယ်လာတယ်....... စိတ်မဆိုးနဲ့တော့ကွာ နောက် နေ့ လိုက်ပို့ပေးမယ်... ကျန်ကျန့်...... ကျန်ကျန့်...."
တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်တာနှင့် ပွင့်သွားတော့ အထဲကို ဝင်ကြည့်လိုက်တော့ အိပ်နေတာလား ကုတင်ပေါ်မှာ အိပ်နေ တော့ စိတ်အေးသွားရတယ်..... ပြီးတော စဥ်းစားမိကာ ခြုံ ထားတဲ့စောင်အောက်ကို လှည့်ကြည့်လိုက်တော့ ခေါင်းအုံး တွေကို လူပုံစံ လုပ်ထားတာကို တွေ့ရတယ်......
"ဟင့်.... လမ်းလည်းသိတာမဟုတ်ဘူး ဘယ်ထွက်သွား လဲ.... ဒါလေးကို စိတ်ဆိုးပြီး ကိုယ့်ကို ထားခဲ့ပြီး ထွက်ပြေး တာပေါ့..... "
စိတ်ကအရမ်းပူလာတော့ အောက်ထပ်ကို ပြန်ဆင်းလာပြီး ... အိတ်ကြီးသယ်ထားတာတောင် ဂရုမစိုက်နိုင်တော့ပဲ အန်တီ ကြီးအား......
"ကျန်ကျန့်ကိုတွေ့မိသေးလား...... "
"မတွေ့မိဘူး....သခင်လေး...."
![](https://img.wattpad.com/cover/251053436-288-k770310.jpg)
YOU ARE READING
အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete)
Fanfictionငါ့မင်းကို ချစ်တယ် ငါ့ရဲ့ အချစ်ကြောင့် မင်းရဲ့ ဘဝကို အေးချမ်းစေရမယ် ငါ့ဆီကို လာပြီး ငါ့ရင်ခွင်မှာ မှေးစက် နားခိုးလှည့်ပါ..... Wang Yibo ကိုယ်မကျူးလွန်ခဲ့တဲ့ အပြစ်ကို တရားခံပါ ဆိုပြီးနှို...