အမှောင်လမ်းမှကယ်တင်ရှင် (U+Z)Complete

6.2K 219 28
                                    

အပိုင်း (53)

လူရှင်းပြီး တိတ်ဆိတ်တဲ့ ကန်လေးဘေးနားမှာ ငိုနေမိတယ် ရေကန်လေး ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေး လေး တွေ ကလည်း ကျွန်တော်ရင်ကို ငြိမ်းချမ်သွားအောင် မစွမ်း ဆောင်နိုင်ပါ...... ဘယ်လောက်ပဲ ငိုငို နာကျင်နေတဲ့ နှလုံး သားက ပြေလျော့သွားတာမရှိပေ........ ဘယ်လောက် တောင် ငိုနေမိ တယ်မသိပေ ညနေမှောင်ရိပ်သန်း ချိန်ရောက် နေပြီ အိမ်လည်း မပြန်ချင်ပေ....... yiboနဲ့ တွေ့ရမှာ ကြောက် နေမိတယ်.... ဘာလို့ ထွက်ပြေးသွားလဲလို့ မေးရင် ကျန်ကျန့်မှာအဖြေမရှိ ဘူး....... သူတို့တွေ သမီးရည်းစား တွေဆိုတော့ ပြန်တွဲတာ မဆန်းပေမယ်.....သေချာတာတော့ သူyiboကို ချစ်နေမိပြီး ချစ်တာတောင် စချစ်မိတုန်းပဲရှိ သေး တယ် အသည်းကစကွဲနေပြီး...ပတ်ဝန်းကျင် တစ်ခုလုံး ပိုပြီး မှောင်လာတယ်...... ပိုပြီးမှောင် လာတော့ကောနေစရာ မှ မရှိတာသူဘယ်ကို သွားရမလဲ........

"ဟင့်......ဟင့်........ "

"ဘယ်လောက် ထိငိုနေမှာလဲ မျက်လုံးတွေနာအောင် လို့......."

အမှောင်ထဲက ထွက်လာတဲ့ အသံကြောင့် ကိုယ်လေးတုန်သွား ပြီး ငိုတာပါရပ်သွားတာကို သူအကုန်လုံးတွေ့နေရတယ်...... ယုန်လေးထိုင်နေတဲ့ နေရာက အလင်းရောင်နည်းနည်းရှိနေ တော့......... ယုန်လေးဖြစ်သမျှကို သူမြင်နေရတယ်........ သူရောက်နေတာ ကြာပြီလေ ငိုနေတာလေးတိတ်သွားတဲ့ ထိ စောင့်ဖို့ သူနေတာပါ ဒါပေမဲ အပြင်မှာလေတွေ အေးလာပြီ ဖြစ်တယ် ဒီအတိုင်းသာ ဆက်ပြီးထားလိုက်ရင် အအေးပတ် သွားလိမ့်မယ်........ ဒါကြောင့် သူအသံပေးပြီး ပြောလိုက် တာပါ........ ဒီလောက်ငိုနေတာ တော်ရောပေါ့ ပင်ပန်းသွား ရင် ဘယ်လိုလုပ်မဘလဲ...... ယုန်လေးက အရမ်းချူချာတာ သူနဲ့ အတူတူနေမှ သတိထားမိတယ် နည်နည်းလေး သတိ မထားပဲ လွှတ်ထားမိရင် ဖျားတက်တာတွေကို သူသိတယ်... ဒါကြောင့် အပြင်မှာနေတာ ကြာနေပြီမို့ သူ့အော်လိုက်တာ ပါ......... အမှောင်ထဲမှာရပ်နေရာကနေ သူတစ်လှမ်းချင်း ထွက်လာတော့မှ...... နေရာမှ ထပြီး ထွက်ပြေးတော့ တယ်.......... သူက ထွက်ပြေးတဲ့ ကောင်လေးကို ပိတ်ပြီး ဖမ်းလိုက်ပြီး ကိုယ်လေးကို ဖတ်ထားလိုက်တယ်........ အတင်း ရုန်းနေတာကြောင့် ပြေးလို့မရအောင် သူပိုပြီးတင်း ကျပ်စွာ ဖတ်ထားလိုက်ပြီးတော့မှ.......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now