အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.1K 216 5
                                    

အပိုင်း(19)


ခန်းနားထည်ဝါလှတဲ့ ဧည့်ခန်းလေးထဲကို သပ်ရပ်တဲ့ အဝတ် အစားနဲ့ တည်ကြည့်တဲ့ ရုပ်ရည်နဲ့ လူတစ်ယောက် ဝင်လာ တော့ .......

"သြော်......ကျန်ကျန့်လေးကို စာသင်မယ့် ဆရာလားမသိ ဘူး........ ကျန်ကျန့်လေး စာသင့်မယ် အခန်းမှာ ရှိပါ တယ်.......... အရင်ခေါ်ပေးရမလား...... "

"မခေါ်ပါနဲ့..... ကျွန်တော်စာသင်ပေးရမယ့် ကျောင်းသား အခန်းကို ပြပေးပါ..... "

"ဟုတ်ကဲ့ ဆရာ......."

"သြော်.....ပြီးရင် ကြိုပြီးအသိပေးစရာ ရှိလို့ပါ ကျွန်တော်က စာသင်ရင် ဘေးကလူရှိနေတာ မကြိုက်ဘူး....... စာသင်ရ တာ အနှောက်ယှက်ဖြစ်စေတယ်.... ကျောင်းသားကလည်း စာထဲ အာရုံမဝင်စား ဖြစ်မှာ မလိုလားဘူး...... ဒါကြောင့် မုန့်တွေ စားစရာတွေကို လာပို့စရာမလိုပါဘူး......."

"ဒါပေမဲ့..... သခင်လေးက ပြောသွားတော့..... "

"ဒါက ကျွန်တော်ရဲ့ စည်းမျဥ်းမို့ပါ စာသင်တဲ့ အိမ်တိုင်း ကျွန်တော်က ဒီအတိုင်း လုပ်နေကြပါ...... ပြီးတောကျောင်း သား နဲ့ ဆရာကြားမှာ တခြားသူက လိုက်ပြီး မိတ်ဆက်ပေးရ တာတို့ ဆိုတာ သိပ်ပြီး မလိုက်ဖက်ဘူး...... ဒါကြောင့် မုန့် တွေ သောက်စရာတွေ ကိုလည်း အခန်းထဲ လာပို့စရာ မလိုပါ ဘူး..... ကျွန်တော်မေတ္တာရပ်ခံနေတာပါ......ကူညီပေးပါ..."

သူပြောနေရင်းနဲ့ ရှေ့က အန်တီကြီး သူပြောတာကို ယုံရဲ့ လား........ သူမှာ အစောကြီးထဲက အိမ်ထဲဝင်ဖို့ Wang သခင်းလေးဆိုတဲ့ ကောင်မရှိတဲ့ အချိန်ကို စောင့်ပြီးမှ ဝင်လာ ရတာ မလွယ်လှဘူး....... အမှန်တော့ Wang သခင်လေး ကျောင်းမှာ အလုပ်လုပ်တဲ့ သူက ရှဲ့သခင်လေးနဲ့ သူငယ်ချင်း တွေပါ..... မနေက သူငယ်ချင်း အချင်းချင်း ဆုံတွေ့ပြီး စကား ဆက်မိရာမှာ Wang သခင်လေး အိမ်မှာ စာသင် ရမည့်ကိစ္စကြောင့် သူ့ နဲ့ ကျန်ကျန့်က အရမ်းချစ်ကြပြီး တစ်ယောက် ကိုတစ်ယောက်မခွဲနိုင်ကြကြောင်း...... သူအဖေ ရှဲ့ သခင်ကြီးက ကျန်ကျန့်နဲ့ သူကို မတွေ့စေချင်လို့Wang
သခင်လေးအိမ်ပို့ပြီး နေခိုင်းထားတော့ သူနဲ့ကျန်ကျန့် မတွေ့ ရတာ တစ်ပတ်လောက်ရှိပြီး.အရမ်းကို လွမ်းနေကြောင်း..... သူကျန်ကျန့်ကို အိမ်ပြန်ခေါ်သွားချင်တဲ့ အကြောင်း နည်း နည်း လိမ်ညာပြီး ပြောဆိုလိုက်တော့ သူကို အရမ်းချစ်တဲ့ သူငယ်ချင်းက အစောပိုင်း ငြင်းပြီး ကန့်ကွက်ပေမယ်...... အခုလို ကူညီပေးမယ်ဆိုရင်...... သူအဖေ ကုမ္ပဏီမှာ သူငယ်ချင်း အတွက် နေရာရအောင် ပြောပေးမည် ဖြစ် ကြောင်း..... မနစ်နာစေရကြောင်း ကတိအထပ်ထပ်ပေး ပြီး မှ လက်ခံခဲ့တာပါ.........ပြီတော့ ဒီအိမ်က လူတွေ ဝင်လာ တာတို့ ဖြစ်ရင် ကျန်ကျန့်ကို ခေါ်လို့မရမှာ စိုးလို့ သေချာ အောင် စည်းတွေ ဘောင်တွေနှင့် ပြောနေတာ ဖြစ်သည်..... ဘာပဲဖြစ်ဖြစ် သူတို့တွေက အလုပ်သမား ဖြစ်နေ၍ Wang သခင်လေး သာမရှိရင် သူကို တားနိုင်တဲ့ သူမရှိပေ.......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now