အမှောင်လမ်းမှ ကယ်တင်ရှင်(U+Z)

4.5K 291 5
                                    

အပိုင်း(3)

"သား ဝမ်လေး မေမေ မပြေးနိုင်တော့ဘူး...... သားလွတ် အောင်ပြေးနော်.... ရော်... ဒါလေးကို ယူပြီးပြေးတော့ သား လွတ်သွားရင် အခြေအနေပေးရင် ကျန်ကျန့်လေးတို့ကို ပြန်ခေါ်ပါ သူတို့ကို ပြစ်မထားပါနဲ့...... ကြားလား..... လူတိုင်ကို မယုံနဲ့သား အထူးသဖြင့် ကျိုးအိမ်တော်က လူတွေ ကို မယုံကြည့်နဲ့ သူတို့က ကောင်းတဲ့သူတွေ မဟုတ်ဘူး.....
အား....... "

သူမကားမှောက်တုန်းက ထိုးမိတဲ့ ဒဏ်ရာက သွေးတွေအများ ကြီး ထွက်နေပြီ...... အမော့ဆို့တဲ့ ဝေဒနာကိုလည်း ခံစား နေရတယ်..... သူမ သောက်နေကြဆေးတွေလည်း မပါ လာတော့ သူမသေသွားရင် ဝမ်လေးတစ်ယောက်တည်း ဒါပေမဲ့ သူမ မတက်နိုင်တော့ဘူး....... အခုပြေးလာတာ ရွာနားတော့နီးနေပြီ......

"မေမေ လူသံကြားတယ် မေမေ သားသွားခေါ်လိုက် မယ်....."

"သား လူဆိုးတွေ ဖြစ်နေလိမ့်မယ်နော်......"

ရွာကနေ အမဲလိုက်ထွက်တဲ့ မုဆိုးတွေနဲ့ တူတယ်.... အကူအညီတောင်းရန် ကြိုးစားလိုက်တယ်.....

"ဦးလေးတို့ ကျွန်တော်အမေကို လိုက်ကြည့်ပေးပါနော်.... ဘာဖြစ်သွားတာလဲ မသိဘူး...... "

"အေး...... လိုက်ကြည့်ပေးမယ်..... ဘယ်မှာလဲ......"

"ဟိုမှာပါ......"

"မသေသေးဘူး..... အသက်ကငွေ့ငွေလေးရှိသေးတယ် ဆေးဆရာဆီ လိုက်ပို့ပေးမယ်..... ဒါပေမဲ့ ကယ်နိုင်မလား မကယ်နိုင်ဘူးလားဆိုတာ တော့ မသေချာဘူး...... "

"ဟုတ်......"

သူတို့ ထွက်သွားပြီး မကြာမီ မှာပင်......

"သွေးတွေအတိုင်း လိုက်လာတာ ဒီနားမှာ ပျောက်သွားတာ ဆိုတော့ သူတို့ ဒီနားက ရွာမှာ ရှိလောက်မယ်..... အဲ့ဒီမှာ ရှိလောက်မယ်......"

ရွာထဲရောက်တော့ ဆေးဆရာက မေမေကို စမ်းသပ်ပေး တယ်........

"မရတော့ဘူး သွေးထွက်လွန်နေပြီး ကလေးရယ် မကယ်နိုင် တော့ဘူး နှလုံးရောဂါကြောင့် အမောဖောက်နေတော့ အဘတို့ ကုဖို့ဆိုတာ မလွယ်ဘူး တောဖြစ်နေတော့ နည်းပညာက မထွန်းကားဘူး တောင်ပန်းပါတယ် လူလေး......."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now