အမှောင်လမ်းမှကယ်တင်ရှင် (U+Z)

2.8K 185 6
                                    

အပိုင်း (46)

"ဒယ်ဒီ သမီးတို့ ဘယ်လို ​ဖြေရှင်းကြမလဲဟင်....အန်ကယ် ကိစ္စအတွက်ငွေလိုတယ်လေ......"

သူမသိချင်နေတဲ့ မေးခွန်းကို အဖေအား မေးလိုက်ခြင်း ဖြစ် တယ်...... သူမတို့ စီးပွားရေက ဦးလေးအငယ်ဆုံးဖမ်းခံ လိုက်ရထဲက ကျိုးမိသားစုပို သီးသန့် ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာက သိသိသာသာ ကျဆင်းသွားတယ်...... ကုမ္ပဏီက ရှယ်ယာရှင် တော်တော်များများထွက်သွားတယ်....... အခု ကုမ္ပဏီက ကျန်တဲ့ ငွေတွေကလည်း ဘဏ်ကနေ ချေး ထား တာမို ငွေက လုံးဝ သိပ်မရှိတော့တာပါ.......

"နောက်ဆုံးနည်း လမ်းတစ်ခုပဲရှိတော့တယ် ဒယ်ဒီတို့ ကျိုး အိမ်​တော်ကို ရောင်းရင်ပဲ ဖြစ်ဖြစ် ပေါင်ရင်ပဲ ဖြစ်ဖြစ်တစ် ခုခုလုပ်မှ ရမယ်........ "

"ဟုတ်...... ဒါဆို သမီးစုံစမ်းလိုက်ပါမယ် အိမ်ပေါက်စျေး ကို ကြည့်ပြီမှပဲ ရောင်းမလားပေါင်မလားကို ဒယ်ဒီဆုံးဖြတ် ပေါ့....... "

"အေး........သမီး ကျေးဇူးတင်တယ် ဒယ်ဒီအပေါ် နားလည်း ပေးလို့........ "

"သြော်.......ဒယ်ဒီရယ် အန်ကယ်တို့က တစိမ်းတွေမှ မဟုတ် တာ ပြီးတော့ သူတို့အပေါ်မှာ ထားတဲ့ ဒယ်ဒီရဲ့ ချစ်ခြင်း မေတ္တာတွေကို သမီးတွေ့နေရတာပဲလေ........ဒါပေမဲ့ ဒယ်ဒီ ရောင်းရတဲ့ ငွေတွေ အကုန်းလုံးတော့ မသုံးနဲ့ သမီးတို့တွေ မှာ ဘာမှမကျန်ပဲ နေလိမ့်မယ် ပြီတော့ အားလုံးကို လိုက်လျော ပေးနိုင်ပေမယ်...... သမီး ဆင်းရဲတာကို လက်မခံနိုင် ဘူး...... အထူးသဖြင့် သူများတွေ ပြောမှာကို လက်မခံနိုင် ဘူး......."

ပြောပြီး ဒယ်ဒီဘေးနားမှာ ထိုင်ပြီး ငိုချလိုက်တယ်....... သူ သမီး ကို ကြည့်ပြီ သနားမိတယ်....... ကလေးတွေက ငယ်ငယ် လေးထဲက ပြည့်ပြည့်စုံစုံ လိုလေးသေးမရှိအောင် ထားခဲ့ တာ အခုတော့ ဘယ်လို ကံကြမ္မာဆိုးက အပြစ်မရှိတဲ့ သူတို့ မိသားစုကို ထိုးနက်ရတာလဲ.........

"အန်ကယ်ရေ..... ကယ်ပါဦး ဒုက္ခတောရောက်ပါပြီ...... "

"ဟဲ့..... သမီးမင်းမင်း ဘာဖြစ်လာတာလဲ လေးလေးကိုပြောပါအုန်း....... မငိုနဲ့ ဘာဖြစ်လာတာလဲ သမီးပြောမှ အန်ကယ် တို့သိမှာပေါ့....... စိတ်ကို ငြိမ်ငြိမ်လေးထားပြီး ဘာ ဖြစ်လာ တယ်ဆိုတာကို အေးအေး ဆေးဆေးလေး ​ပြောပြ......ဟုတ် ပြီလား သမီး...... သွားသမီး ကျင်လျန် ညီမလေးကို ရေ အရင် တိုက်လိုက်ပါဦး......"

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now