အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.8K 274 7
                                    

အပိုင်း(10)

သူမ ရင်ထဲ မနာလိုမှုက ရင်ထဲ တိုးဝင်လာတယ် မဖြစ်ရ ဘူး....... အဲဒီ လူသတ်သမားရဲ့ သားက ကောင်းစားပြီး ရွှေဘုံပေါ်ရောက်သွားတာ မကျေနပ်ဘူး...... သူ့ကို ဘာ ကြောင့် ဝမ်သခင်လေးက ခေါ်သွားတာလဲ.......

"အား..... မကျေမနပ်ဘူး..... လုံးဝပဲ....."

အော်သံကြောင့် တစ်ဖက်ခန်းက ထန်ရာ ရောက်လာပြီး .....

"ဘာ ဖြစ်တာလဲ..... မမလျန်....."

"ဘာ ဖြစ်မှာလဲ..... ရှောင်ကျန့် ပေါ့......"

"ဟင်..... ရှောင်ကျန့်ကိုတွေ့ပြီလား....."

ပြောဖို့ပြင်နေပြီးမှ ထန်ရာနောက်ကနေ ဝင်လာတဲ့ ရှဲသခင် လေး ကြောင့် စကားကို ထိန်းပြီး ပြောရမှာကို သတိရ တယ်.... သူမရဲ့ အလှပျက်လို့ မဖြစ်ဘူး..... ရှောင်ကျန့် ကြောင့် ဘယ်လောက် ဒေါသတွေ ထွက်နေပါစေ သူမက ရှောင်ကျန့်ကို မနာလို ဖြစ်နေတာကို လူသိလို့ မရပေ......

"ဘာဖြစ်ရမှာလဲ...... သခင်လေးရယ် ရှောင်ကျန့်ပေါ့ တစ်ခါ လောက်ပဲ သိတဲ့ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေး အိမ်ကို သွား လည်တာပြန်မလာသေးဘူးတဲ့..... လျန်အမှားပါ...... မောင်လေးကို တစ်ယောက်တည်း မလွှတ်လိုက်သင့်ဘူး..... အဲဒီ ကလေးက အူကြောင်ကြောင်လေးနဲ့ စိတ်မချဘူး..... ဟင့်ဟင့်.....လျန်မှာတာ......"

ရှဲသခင်လေးရှေ့မှာ စိုးရိမ်နေတဲ့ ပုံစံလေးနဲ့ မထွက်တဲ့ မျက်ရည်ကို ညစ်ထုပ်ပြီး ငိုနေမိတယ်...... သူများအမြင်မှာ တော့ သူမက မောင်လေးကြောင့် ကိုယ်ဘာသာ အပြစ် တင်နေတဲ့ပုံစံမျိုး....... ဖြစ်အောင် သူမ သရုပ်ဆောင်ချက် တွေက ပီပြင်ရမယ်လေ......

"လျန်ရယ် ကိုယ်ပြောမယ်..... ကိုယ်အပြစ်မဟုတ်တာကို ဘာဖြစ်လို အပြစ်တင်နေတာလဲ..... မင်းက ရှောင်ကျန့် ကိုသူအမေလို မဖြစ်စေချင်လို့ ဆုံးမနေတာ ကိုယ်သိ တယ်......"

"ဒါဆို ရှောင်ကျန့်က ဝမ်အိမ်တော်ကို ရောက်နေတာပေါ့....."

"ဟုတ်တယ်..... "

"ဒါဆို ကျွန်တော်ပြန်သွား ခေါ်မယ်......."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now