အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.4K 233 5
                                    

အပိုင်း (17)

အိမ်မက်ဆိုးတွေ မက်ပြီးနိုးလာတော့ ညနှစ်နာရီရှိနေပြီ...... လည်ချောင်းတစ်ခုလုံး ချောက်ကပ်နေပြီး...... အားခေါင် တွေ ပူနေတော့ ရေအေးအေးလေးသောက် ချင်မိတယ်..... အပြင်ထွက်ဖို့ လျှောက်လမ်းလေး ကို ခေါင်းပြူကြည့်လိုက် တော့...... မြင်ရတယ်ဆိုရုံသာ ရှိတဲ့ ညလင်းမီးလေးကို ထွန်း ထားတယ်...... လူမရှိဘဲ တိတ်ဆိတ် ချောက်ကပ်နေ သည်.... အိမ်ကြီးကလည်း ကြီးလိုက်တာ အရင်အိမ်ဆိုရင် ခြံစောင့် ဦးလေးကြီး နဲ့ အတူတူနေတာ အိမ်ကလည်း နှစ်ယောက်ဆံ ယုံလောက်ပဲ...... အခုတော့အိမ်ကတော် တော်ကြီးတာပဲ...... သူ့လျှောက်လမ်းကို ကြည့်ရင်း ရေသွား ယူရင်ကောင်းမလား မကောင်းဘူးလား...... စဥ်စား နေမိ တယ်...... သရဲကားတွေ ထဲကလို သရဲများထွက်လာမ လား....... ရေလည်းသောက်ချင် သရဲကလည်း ကြောက် ဘာလုပ်ရမလဲ........ ရေက လည်းအရမ်းသောက်ချင်လာပြီး မရတော့ဘူး.... သွား သောက်ဖို့ အောက်ဆင်းလာရင်းနဲ့ တွေးမိ တယ်......

"အင်း..... အရမ်းချမ်းသာတဲ့ သူတွေကြတော့ အိမ်ကို အကျယ်ကြီးစောင့် ရတာပေါ့...... တကယ်လို့ အိမ်ကျဥ်း လေးဆို သူကြောက် စရာ မလိုတော့ဘူး...... "

ပါးစပ်ကလေးက ပွစီ လှုပ်ပြီးပြောနေတဲ့ ကောင်လေးက အ ရမ်း ချစ်ဖို့ကောင်းနေပေလိမ့်မယ် လှေကားအကွေ့ လေးအ ရောက်..... သူများကို အတင်းပြောချင်စိတ်များနေတော့ လှေကားဆုံးပြီး ထင်ပြီး သတိမထားမိပဲ ဆင်းလိုက်ရာ လှေ ကားထစ်တွေ ကျန်နေတဲ့ သေတာကို မမြင်ပဲ အစွန်ကို နင်း မိတော့ ခြေချောပြီး အောက်ပြုတ် ကျ သွားတယ်......

"အား....."

"ခွမ်း....."

မာကျောတဲ့ ကြမ်းပြင်ပေါ်သို ပြုတ်မကျဘဲ နွေးထွေးတဲ့ ရင် ခွင် ထဲသို့ ရောက်သွားတဲ့ အထိအတွေ့ကြောင့်..... မျက်လုံး လေးဖွင့်ကြည်မိတော့...... သူကို ငုံမိုးကြည့်နေတဲ့ ကြင်နာရိပ် လွှမ်းနေတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို မှိန်းဖျော့ ဖျော့ မီးရောင်အောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက် ကောင်းစွာ မြင်နေရသည်....... ရင်ဘက်ထဲက တစ်ချက် လှိုက်ခနဲ ခုန်သွားမိတယ်......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now