Special Part

152 18 1
                                    

🔔ဇာတ်လမ်းနဲ့မဆိုင်တဲ့ special part လေးပါ။ Ereri သီးသန့်ပါ။ ကောင်လေးရဲ့ဦးမဟုတ်တဲ့ ကိုယ့်ရဲ့ဦး မွေးနေ့အတွက်🤭🔔

Tokyo မြို့ညရှုခင်းကာ နှင်းဖွဲဖွဲတို့အောက်တွင် တစ်မျိုးတစ်ဖုံကဗျာဆန်လို့နေသည်။

Tokyo မြို့၏ အပေါ်စီးမြင်ကွင်းတို့ကို‌ေကာင်း‌ကောင်းမြင်ရသည့် တောင်ကုန်းလေးတစ်ခုပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသည့်ကောင်လေးနှစ်ယောက်။

မကြာလိုက်နှစ်ယောက်သား နေရာမှထကာ မလှမ်းမကမ်းရှိ သစ်လုံးအိမ်ထဲသို့ဝင်သွားကြသည်။

ရာသီဥတုကားအေးလှသည်ဖြစ်ရာ မီးလင်းဖိုနားကပ်ထိုင်နေတာတောင် အအေးဒဏ်ကိုသိပ်မတားစီးနိုင်လှ။ အဖြူရောင်သိုးမွှေးကောဇောပေါ်တွင် ထိုင်နေသော Levi တစ်ယောက်မသိလိုက်မသိဘာသာနှင့်ကိုယ်ကိုကြုံလိုက်မိသည်။

ထင်ထားတာထက်အေးတာပဲ။

Christmas ကိုပျော်ပွဲစားထွက်ရန်ရည်ရွယ်ပြီး Eren နှင့်နှစ်ယောက်သား တောင်ပေါ်ရှိသစ်လုံးအိမ်လေးသို့ရောက်နေခြင်း။

စိတ်ထဲမှာတော့အနည်းငယ်မတင်မကျဖြစ်လို့နေရင်း ခပ်လှမ်းလှမ်းတွင်ကော်ဖီဖျော်နေသည့် Eren ၏နောက်ကျောကိုလှမ်းကြည့်မိသည်။

သူ့မွေးနေ့ကိုမမှတ်မိကြဘူးလား။ ဒီလောက်မှတ်ရလွယ်တာကို။ အဘွားတို့လည်းအတူတူပဲ message လေးတစ်ကြောင်းတောင်မပို့ကြဘူး။

တစ်နေ့လုံးဖုန်းထဲဝင်သမျှစာက Merry Christmas, merry Xmas ဒါတွေချည်းပဲ။ တကယ်မြင်ချင်တာက Happy birthday လေ။

စိတ်ထဲမှာယောက်ယက်တွေခတ်နေပေမဲ့ မျက်နှာကတော့မပြောင်းမလဲ နှင့်သာ Eren ထံမှအကြည့်လွှဲလိုက်ပြီး မီးလင်းဖိုထဲသာ ထင်းတွေပစ်ထည့်နေတော့သည်။

ရာသီဥတုကဒီလောက်တောင်အေးရလား။

ရုတ်တရက် ပုခုံးပေါ်မှနေလွှမ်းခြုံလာသည့် အနီရောင်သိုးမွှေးစောင်တစ်ထည်။

နောက်နားတွင်ကပ်ထိုင်လာသော Eren က သူ့ကို နောက်မှသိုင်းဖက်ကာရင်ခွင်ထဲထည့်ပြီး ပုခုံးပေါ်မေးတင်လာသည်။ ‌

HIATUS_Where stories live. Discover now