Part : 29

80 13 0
                                    

• Unicode •

At 6:30 AM

Sehun တစ်ယောက်ကတော့ဖြင့် မနက်စောစောနိုးလို့တက်ကြွနေပြီဖြစ်သည်။

"ဦး..ထတော့..ထ...ထ"

တကျိကျိလုပ်ရုံသာမက လူကိုပါလှုပ်နှိုးနေပြီဖြစ်တာကြောင့် Jongin တစ်ယောက်အိပ်ချင်မူးတူးထထိုင်ရတော့သည်။

"မောင်ရယ် ကိုးနာရီဟိုကိုရောက်ရင်ပြီးရောမလား နာရီဝက်လောက်ထပ်အိပ်မယ်လေနော်.."

မျက်လုံးမဖွင့်ပဲ Sehun မျက်နှာကိုမော့နမ်းကာ စောင်ပုံထဲပြန်ဝင်သွားသည့် ဦးကိုကြောင်ကြည့်နေမိသည်။

ဦးကသူ့ကို..မောင်လို့ခေါ်သွားတာမဟုတ်လား..!!

မနေ့ညကအိပ်ခါနီး

"ဦး.."

"ပြောလေ"

"ကျွန်တော်တို့ကမနက်ဖန်ဆိုလက်ထပ်တော့မှာဟာ..ကောင်လေးမဟုတ်ဘဲတစ်ခြားတစ်မျိုးပြောင်းမခေါ်ချင်ဘူးလားဟင်"

"ပေါက်ကရတွေတွေးတာရပ်ပြီအိပ်စမ်းပါ"

Jongin လည်းတွေးဖူးပါသည်။ သို့သော် သည်အသက်အရွယ်ရောက်မှ ဒီလိုမျိုးအသည်းယားစရာနာမ်စားမျိုးကို ဆယ်ကျော်သက်ကလေးတွေလိုလွယ်လွယ်ကူကူနှုတ်ကထွက်ဖို့မထွက်ဝံ့ပါပေ။

"လုပ်ပါ..ဟင်...မောင်ဖြစ်ဖြစ်လေ..ခေါ်ပါနော်"

"အိုဆယ်ဟွန်း! ငါခေါင်းဦးနဲ့ဖိမသတ်ခင်အိပ်လိုက်တော့!"

ကိုယ့်အတွေးနဲ့ကိုယ်ရှက်နေသည့်ဦးလေးကြီးမှာ နှစ်‌ဆယ်ကျော်လေး၏ တကျီကျီလုပ်မှုကိုမခံရပ်နိုင်စွာ အသံမာမာနှင့်စိတ်ထဲမပါသည့်ကြိမ်းမောင်းစကားတွေဆိုတော့သည်။

ညကမျက်ရည်လေးဝဲတဲဝဲတဲနှငိ့အိပ်ရာဝင်ခဲ့ရသော Sehun ခင်မျာ မနက်စောစောဦးထံမှ အခေါ်‌အဝေါ်လေးကြောင့် ထီဆုကြီးပေါက်သလိုပျော်ရွှင်နေတော့သည်။ 

ထို့နောက်အုပ်ထိန်းသူနေရာယူထားပေးသော Chanyeol Hyung နှင့် Baekhyun Hyung ကိုအသိသက်သေလုပ်ပေးဖို့ပြောထားတာကို ဖုန်းဆက်ပြီးထပ်အတည်ပြုလိုက်သေးသည်။

မ‌နက်စောစောစီးစီး အိပ်ချိန်ကိုနှောက်ယှက်ကောင်းလားဆိုကာ Baekhyun Hyung ဆူဆဲသမျှခံလိုက်ရသေးသည်။
.
.
.
Jongin နိုးလို့ရေမိုးချိုးပြီးသည်နှင့်ကြိုတင်ပြင်ဆင်လာခဲ့ပြီးဖြစ်သော ဝတ်စုံများကိုထုတ်လဲလိုက်သည်။

HIATUS_Where stories live. Discover now