Part : 21

102 22 0
                                    

Unicode

ဆေးရုံရောက်တော့ မှောင်လုနီးပြီဖြစ်သည်။ ဆေးရုံထဲမဝင်ခင် အနားကစားသောက်ဆိုင်လေးကိုဝင်ကာ Soonho အတွက်ဆန်ပြုတ်နှင့် မိမိနှင့် Soonme အတွက် ခေါက်ဆွဲနှစ်ပွဲဝယ်လိုက်သည်။  နယ်မြို့ကလေးဖြစ်ကာ ဆေးရုံကလည်းသိပ်မကြီးလှ‌တာကြောင့် ကုတင်အနည်းငယ်ခန့်စီတန်းထားသည့် ပြင်ပလူနာဌာနကိုလည်း များများမမေးလိုက်ရပဲရောက်ရှိသွားသည်။

ညာဘက်ခြမ်းရှိကုတင်ငါးလုံးအနက်နှစ်လုံးမြောက်တွင် တစ်ဝမ်းကွဲညီ Soonho ကိုတွေ့လိုက်ရသည်။

ဖြူဖြူဖျော့ဖျော့ အထက်တန်းကျောင်းသားလေးက ခေါင်းတွင်ပတ်တီးထူထူကိူပတ်ထားသည်။ လှဲမနေပဲ ခေါင်းအုံးများကို‌ကျောမှီကာထထိုင်နေပုံအရ အခြေအနေအရမ်းမဆိုးဟုထင်ရသည်။

Sehun ကိုတွေ့ဝောာ့ ခပ်ဖျော့ဖျော့ပြုံးကာနှုတ်ဆက်လာသည်။ အနားရောက်သွားတော့ကုတင်ပေါ်ခေါင်းမှီကာအိပ်ပျော်နေသော Soonme ကိုတွေ့ရသည်။ Soonme ကငိုပြီးမှ‌မောကာ အိပ်ပျော်နေပံုရသည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"ဦးလေးရော"

"အဖေက အထူးကြပ်မတ်ဆောင်မှာ"

"အကိုသွားကြည့်လိုက်ဦးမယ်...ဆရာဝန်နဲ့ပြောပြီးမှပြန်လာခဲ့မယ်နော်"

"ဟုတ်ကဲ့"

"အင်း ဖြေးဖြေးသောက်"

စကားပြောရင်းပြင်လိုက်သည့် ဆန်ပြုတ်ကို Soonho အတွက် ဇွန်းတပ်ကာပြင်ပေးပြီး ခေါက်ဆွဲထုပ်ကိုတော့ ကုတင်ဘေးက စားပွဲပေါ်တင်လိုက်သည်။

"Soonme နိုးလားရင်ခေါက်ဆွဲကျွေးလိုက်ဦးနော်"

"ဟုတ်"

ထို့နောက် ခပ်မြန်မြန်ပင်ဦးလေးရှိရာလူနာဆောင်သို့ထွက်ခဲ့သည်။

ဦးလေးကတော့သတိလစ်နေဆဲအခြေအနေပင်ရှိသေးသည်ဖြစ်သည့်အပြင် တစ်ကိုယ်လုံးဖုံးလွှမ်းနေသောပတ်တီးများအရ ထိခိုက်မှုပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရမှန်း သိသာလှသည်။

ဆေးဖိုးဝါးခ တို့အရင်ရှင်းပြီးမှ တာဝန်ကျဆရာဝန်ရှိရာကို မေးကာတွေ့ရသည်။

HIATUS_Where stories live. Discover now