Part : 17

163 29 10
                                    

Unicode

Wazuka ၏မနက်ခင်းကားသာယာလှပေသည်။ လက်ဖက်ခင်းစိမ်းစိမ်းတို့ကိုဖြတ်တိုက်လာသောလေက လတ်ဆတ်လို့နေသည်။

မနက်ခင်းစောစောမို့ကြောင့်ထင် မြို့ထဲလမ်းတစ်လျောက်ဆူညံရှုပ်ထွေး‌မနေပဲ လူတစ်ယောက်စနှစ်ယောက်စနှင့်ရှင်းလင်းလို့နေသည်။

တိတ်တဆိတ်လမ်းလျှောက်နေသော လူနှစ်ယောက်။

ပတ်ဝန်းကျင်အလှအပတို့ကို Jongin ကစိတ်နှစ်ကာခံစားနေသော်လည်း Sehun ကတော့ Jongin ဘေးကကပ်လျှောက်ရင်း Jongin လက်ကိုမတော်တဆလိုလိုနှင့်ထိရန်ကြိုးစားနေတာမို့ ပတ်ဝန်းကျင်ကိုတောင်အာရုံမစိုက်အား..။

မနက်စောစော Sehun နိုးလာတော့လူကြီးတွေက်ိုအားနာတာနှင့်မနက်စာတောင်မစားဖြစ်ခဲ့။ ပြန်ရန်ပြင်တော့ဦးကလိုက်ပို့ပေးသည်။

မနေ့ည Sehun အတော့်ကိုမူးခဲ့တာမှန်သော်လည်း အသိစိတ်လုံးဝလွတ်သည်အထိတော့မဟုတ်။

သို့သော် Sehun ကိုပုံမှန်အတိုင်း သာဆက်ဆံနေဆဲဖြစ်ရာ ညကအနမ်းတစ်ပွင့်သည် အိပ်မက်လိုလို ပုံရိပ်လိုလို..

"ကောင်လေး.."

"ဗျာ!!"

လက်ကလေးကိုခိုးကိုင်ရန်ကြံနေစဉ်မှာပင် ဦးထံမှအသံကြောင့် လန့်ကာ အသံအနည်းငယ်ကျယ်သွားတာမို့ ဦးကမျက်လုံးဝိုင်းလေးနှင့်ကြည့်လာသည်။

"အာ...ကျွန်တော်နည်းနည်းအတွေးလွန်သွားလို့"

"မင်း..."

"ဟုတ်"

"နောက်တစ်ခါမသောက်နိုင်ရင် အဲ့လောက်မသောက်နဲ့.."

"ဦးက မကြိုက်လို့လား"

"ယောက်ျားလေးပဲ ဒါမျိုးကကင်းဖို့မှမလွယ်ပဲကိုယ်ပြောချင်တာ ထိန်းဖို့"

Jongin တစ်ယောက်မနေ့ညကအဖြစ်ကိုပြန်တွေးရင်းဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိဖြစ်နေသည်။
အဲ့ကောင်လေး မူးရင်အဲ့လိုပဲတွေ့ရာလူလိုက်နမ်းနေတာလား။

Jongin တစ်ယောက်ကတော့ဖြင့် မိမိကိုယ်တိုင် ပါပြန်နမ်းခဲ့တာကိုတော့ မသိချင်ယောင်ဆောင်လို့ထားလေရဲ့။

HIATUS_Where stories live. Discover now