Part : 3

227 46 34
                                    

•Unicode•

<< Wing's coffee cup >>
(Name of coffee shop)

Sehun ဦးကိုတွေ့ခဲ့သည့် coffee ဆိုင်လေးသို့ရောက်နေခြင်း

အမှန်တော့ သည်ဆိုင်ကိုဦးလာမည့်အချိန်လောက်မှန်းမှန်းလာနေသည်မှာတစ်ပတ်လောက်တော့ရှိနေပြီဖြစ်သည်။

ပြိုင်ပွဲပြီးထားတာလည်းမကြာသေးတာကြောင့် အနားရနေသည်ဆိုရပေမည်။ နှစ်ဝက်စာမေးပွဲမဖြေခင် အားလပ်ရက်ရဖို့လည်းရှိသေးတာမို့ အားလပ်ရက်မှာအိမ်မပြန်ခင် ဦး နှင့်ဆက်ဆံရေးလေးတစ်ခုလောက်တော့ရှိသွားချင်ပါသည်။

ဆိုင်တံခါးမှခေါင်းလောင်းလေးလှုပ်ခတ်သွားမှုနှင့်အတူ ချစ်ရသူ..အင်း.ချစ်ရသူက ထုံးစံအတိုင်း laptop လေးပိုက်ကာ ဝင်လာသည်။

Love at first sight တော့မဟုတ်ခဲ့ပေမယ့် မြင်မြင်ချင်းစိတ်ဝင်စားခဲ့မိသော ဦးက Sehun ရင်ထဲခပ်ဖြည်းဖြည်းပင် ဝင်ရောက်လာခဲ့သည်။ ယခုတော့ ဦးတစ်ယောက်မျက်တောင်ခတ်တာမှစလို့ လေတိုက်လို့ဆံပင်လေး၊ အဝတ်စလေးလှုပ်ခတ်သွားသည်အထိ ဦးနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုသေးသေးလေးကပင် မြတ်နိုးရန်အကြောင်းတရားများဖြစ်လို့လာသည်။

ယခင်ရက်များက အတော်အသင့်ရင်းနှီးနေပြီဖြစ်သော ဆိုင်ရှင်အစ်မကို အကူအညီတောင်းထားသည်ဖြစ်ရာ ဦးရောက်သည်နှင့်သောက်နေကျဖြစ်သော coffee latte ကိုသွားချပေးသည်။

ပထမဆုံးရက်

ဦးသည်မည်သည်မှမပြောပဲ ထုံးစံမပျက် အလုပ်လုပ်ရင်းနှင့်ပင် coffee ကိုခပ်ဖြည်းဖြည်းသောက်ကာ အချိန်တန်တော့ပြန်သွားခဲ့သည်။

Sehun လည်းပြန်ရန်လုပ်တော့ ဆိုင်ရှင်အမက စာရွက်ခေါက်လေးလာပေးသည်။ ဦးကစားပွဲပေါ်တင်ခဲ့တာတဲ့လေ။

စာ‌ရွက်ခေါက်ထဲမှာတော့ Won 4500 နှင့်အတူ ခပ်သော့သော့လက်ရေးတစ်ပိုင်းတစ်စ

*ကော်ဖီဖိုး...နောက်တစ်ခါမလုပ်နဲ့တော့*
ထိုစာရွက်နှင့် won 4500ကတော့ သေတ္တာလေးတစ်ခုထဲတွင် တယုတယထည့်သိမ်းခံလိုက်ရမည့် အဖိုးတန်လေးများ။

ဒုတိယနေ့

Sehun ကော်ဖီသွားချမည့်အမကြီးကို စာရွက်ခေါက်လေးပါတစ်ပါတည်းထည့်ပေးလိုက်သည်။

HIATUS_Where stories live. Discover now