Part :15

142 23 1
                                    

• Unicode •

Jongin ပစ္စည်းတွေကားပေါ်တင်နေသော အလုပ်သမားများကို ကူပေးနေသော Feng Er ကိုလှမ်းကြည့်လိုက်သည်။ အနည်းငယ်ကျန်သေးသည့်ပုံပင်။

ဦးလေး Wu က Jongin တွန်းလာပေးသော wheelchair ပေါ်တွင်ငြိမ်သက်စွာထိုင်နေဆဲပင်။ မျက်နှာတွင်တော့ စိတ်ပျော်နေသော အရိပ်အယောင်အဖြစ် အပြုံးသေးသေးလေးရှိနေသည်။

အနီရဲရဲရှပ်ကလေးနှင့် ဘောင်းဘီဒူးကျလေးဝတ်ထားသော သားငယ်ကတော့ သူနိုင်သည့်ပစ္စည်းလေးတွေကူမပေးရင်း အကူအညီပေးရသည်ကိုပျော်နေဟန်ရှိသည်။

ယခု Jongin တို့ ဆိုရခုခရိုင်၊ ကျိုတိုစီရင်စုအတွင်းတည်ရှိသော လက်ဖက်စိုက်ပျိုးသည့် ဝဇုကမြို့* သို့သွားရန်စီစဉ်နေကြခြင်းပင်။

ဦးလေး Wu ၏ကျန်းမာရေးလိုအပ်ချက်အတွက်အနားယူရန်ဖြစ်သည်။

တိုကျိုမှဆိုလျှင် ရထားနှင့်ဆိုလျှင် လေးနာရီကျော်ပဲကြာမည်ဖြစ်သော်လည်း ပို၍သက်တောင့်သက်သာဖြစ်စေရန် တစ်နာရီကျော်ခန့်ပိုကြာမည်ဖြစ်သော ကားနှင့်သွားရန်ရွေးချယ်လိုက်ခြင်းပင်။

လမ်းတစ်လျောက် Kai လေးကားက‌ေလးသဘာဝ စကားတို့မနားတမ်းပြောပြီးနောက် မောသွားသည်ထင် Jongin ကိုမှီကာအိပ်ပျော်သွားလေသည်။

Jongin ကတော့ထွက်မလာခင်က နည်းပညာဌာနအဖွဲ့မှုးထံမှ ရရှိထားသော ဖုန်းကြောင့်စိတ်ထဲထင့်လို့နေသည်။

နာရီနှစ်ဆယ်ကျော်လာသည့်တိုင် bug ကိုဖြေရှင်းရန် အခတ်ကြုံနေဆဲဟုတင်ပြလာသည်။

ကုမ္မဏီတစ်ခုကိုတိုင်းပြည်အဖြစ်မြင်ကြည့်ပါက ဥက္ကဌနေရာထိုင်နေသည်သူက ဘုရင်ဆိုလျှင် အမှုထမ်းများ၊ အမတ်များ၊ နောက်ဆုံးဆက်ခံသူအလောင်းအလျာတို့ကား ပုလ္လင်ကိုရဖို့တိုက်ခိုက်နေသူများဖြစ်လိမ့်မည်။

ညီအစ်ကို၊ ညီအစ်မ၊ ‌မောင်နှမအရင်းအချာများပင်လျှင် ထိုနေရာရရန်အတွက် ရန်သူစစ်စစ်များပင်ဖြစ်လို့သွားတက်သည်။ စည်းလုံးပေရဲ့ဆိုသည်ကားအင်မတန်ရှားသည်ဟုဆိုရပေမည်။

Jongin လိုကျောထောက်နောက်ခံကြီးကြီးမားမားမရှိပါပဲ၊ အရည်အချင်း ကြိုးစားမှုတို့နှင့် နေရာရလာသောသူမျိုးဆိုလျှင်တော့ လက်ကမ်းကြဖို့ထက် ခြေလှမ်းအမှားကိုစောင့်ပြီး ပြန်မထနိုင်အောင်ဖိနှိပ်ချင်သူက ပိုများသည်မှာမေးစရာပင်မလို။

HIATUS_Where stories live. Discover now