Part : 30 : Final

139 18 13
                                    

Please read Part : 29 first.🥺

• Unicode •
လျှောက်လမ်းအဆုံးရှိတံခါးမကြီးကဖြည်းညှင်းစွာပွင့်သွားပြီး အဖြူရောင်ပုံရိပ်အကြီးအသေးနှစ်ခုကပေါ်လာသည်။

သေချာကြည့်လျှင်တော့ အသေးလေးကအဖြူဆွတ်ဆွတ်ဖြစ်၍ အကြီးလေးကတော့ ဆင်စွယ်ရောင်ဘက်လုနေသည့်အရောင်ဖြစ်သည်။

အနီရောင်နှင်းဆီတွေနဲ့ပြုလုပ်လုပ်ထားသော flower crown နှင့်ဦးဟာ ထူးထူးခြားခြားကိုလိုက်ဖက်ညီလို့နေပေသည်။

ကြည်ကြည်စင်စင်မျက်နှာဝင်းဝင်းသည် နှင်းဆီနီတို့နှင့်အပြိုင် ညှို့အားပြင်းလှသည်။ တစ်ပြိုင်တည်းမှာပင် နူးညံ့မှုတို့ကအချိုးကျစွာ‌ရောယှက်လို့နေသည်။

သည်လိုဆွဲဆောင်မှုများနှင့်ဦးဟာ ကျရှုံးနှင့်ပြီးသား Sehun ကိုမြေပေါ်မှာများပြားပြားဝပ်နေစေချင်တာများလားနော်။

ဦး၏ခြေလှမ်းတိုင်းတစ်လှမ်းပြီးတစ်လှမ်းနီးလာတိုင်းမှာ ရပ်နေသောခြေထောက်တွေပင်တုန်လှုပ်လာသည်အထိ Sehun စိတ်လှုပ်ရှားလို့နေပါသည်။

ချစ်ရသူသည်မိမိအပိုင်ဖြစ်ရန်တစ်လှမ်းပြီးတစ်လှမ်းနီးကပ်လာသည့်ခံစားချက်ကား ပြောမပြတက်အောင် ကြည်နူးနှစ်သက်ဖွယ်ကောင်းလှသည်။
.
.
.
တံခါးကဖြေးညှင်းစွာပွင့်သွားသည်နှင့်အတူ ရင်ခုန်သံတို့ပေါက်ထွက်မတက်ကျယ်လောင်လာသည်နှင့်အတူ လက်ဖျားတို့ပါအေးစက်လို့လာသည်။

အပူချိန်ပြောင်းလာသောလက်တို့ကိုခံစားမိပုံရသည့် သားငယ်က လက်အိတ်အဖြူကိုဝတ်ထားသည့် Jongin လက်ကလေးကို သူငယ်ငယ်က Jongin အားပေးခဲ့သည့်အတိုင်း ခပ်ဖွဖွဖိညှစ်ရင်း တစ်ခြားလက်တစ်ဖက်ကလက်သီးဆုပ်ကလေးဆုပ်ပြပြီး ဖိုက်တင်းဟုနှုတ်ခမ်းလှုပ်ရုံပြောသည်။

သားငယ်က Jongin လက်ကိုတွဲကာရှေ့မှဦးဆောင်လျှောက်သည်ကိုကြည့်ရင်း Jongin တစ်ယောက်မျက်ရည်တွေဝဲလာရသည်။ မင်္ဂလာပွဲအစအဆုံးက Sehun အစီအစဉ်တွေပါတဲ့လေ။ ကြံကြံဖန်ဖန်တွေးတက်လွန်းတဲ့ကောင်လေးက မိမိအပိုင်ဖြစ်ရန် အချိန်ပိုင်းမျှသာလိုပါတော့သည်။ အရောင်တူပုံစံတူဖြစ်သည့် Suit ဆင်စွယ်ရောင်ကိုဝတ်ဆင်ထားသည့် ကောင်လေးကားအပြုံးလေးတစ်ပွင့်နှင့် စောင့်နေပြီဖြစ်သည်။

HIATUS_Where stories live. Discover now