Part : 6

180 36 19
                                    

• Unicode •
နောက်နှစ်ရက်နေလျှင် မြို့နယ်အဆင့်ပြိုင်ပွဲကို ကျောင်းတွင်လက်ခံကျင်းပမည်ဖြစ်သည်။

Shixun တို့လည်း ညနေအချိန်ပိုဆင်းကာ လေ့ကျင့်ရေးဆင်းနေရသည်။ Jongin ကတော့ အမြဲတန်းလိုပင် ရေဘူးနှင့်ပဝါကိုင်ကာ စောင့်ပေးမြဲပင်။

ခဏကြာတော့ လေ့ကျင့်မှုပြီးသွားပြီမို့ အားလုံးကွင်းထဲက ထွက်လာကြသည်။

"ခေါင်းဆောင် Wu ကိုတော့အားတွေကျနေပါပြီနော်."

"ဟုတ်ပါ့ အမောပြေဆေးလေးက အဆင်သင့်စောင့်ပေးနေတော့"

"အဲ့လိုစောင့်ပေးမယ့် သူမျိုးလေးတစ်‌ယောက်လောက် လိုချင်ပါတယ်လို့"

Jongin ကိုမြင်သည်နှင့် Shixun ကအနားပြေးလာသလို အဖွဲ့သားတို့ကလည်း စကြနောက်ကြမြဲ

"သွားကြမယ်ဟေ့ Rs တွေနားကြာကြာမနေနိုင်ဘူးဟေ့"

"ဒီနေ့တော့နေလိုက်ပါဦးဗျာ ကျွန်တော်တို့ စာပေအသင်းက ခင်ဗျားတို့ပြိုင်ပွဲဝင်မယ့်သူတွေကို treat မလို့ကို hot pot နဲ့နော်"

Jongin ထံမှအစားအသောက်အသံကြားသည်နှင့် အစောပိုင်း တစ်ယောက်တစ်ပေါက် စနောက်နေကြသူများမှာ တညီတညွှတ်တည်းအော်တော့သည်။

"မရီးကအကောင်းဆုံးပဲ!!"
.
.
.
Hot pot ဆိုင်ရောက်တော့ Jongin တို့အသင်းသားဆယ်ယောက်က အရင်ရောက်နှင့်ပြီး လူနှစ်ဆယ်ခန့်ဝိုင်းလို့ရသည့် စားပွဲရှည်ကြီး၏ တစ်ဖက်ခြမ်းတွင်နေရာယူထားပြီးဖြစ်သည်။

Shixun တို့အဖွဲ့ကကိုးယောက်ဖြစ်ပြီး Jongin ပါပါမှ ဆယ်ယောက်မို့ တစ်ဖက်ခြမ်းတွင်ဝင်ထိုင်လိုက်ကြသည်။

Jongin တို့နှစ်ယောက်ရှေ့တည့်တည့်တွင်ထိုင်နေသော စာပေအသင်းခေါင်းဆောင် Lee Hojin က Shixun ကိုပြုံးပြရင်း

"ပွဲမှာ မရီးတို့အဖွဲ့နိုင်ရမှာနော်"

ထိုစကားကြားတော့ ဘတ်စကတ်ဘောအသင်း၏ ဒုခေါင်းဆောင်ဖြစ်သော Bai Yuan Wei ကအားကျမခံ

"ဒါပေါ့ ခေါင်းဆောင် Wu ကိုကျွန်တော်တို့ မရီးကအရမ်းဂရုစိုက်တာ"

ထို့နောက်မှာတော့ အစဉ်အလာမပျက် တစ်ဖက်နှင့်တစ်ဖက် အကြည့်ချင်းပြိုင်ကာ အသံတိတ်ရန်ဖြစ်ကြတော့သည်။

HIATUS_Where stories live. Discover now