Part : 25

78 15 2
                                    

• Unicode •

One year later..

ဂျပန်နိုင်ငံအခြေစိုက်  company ဖြစ်သည့် E.D IT က popular ဖြစ်သည့် Lost El Dorado ကိုထုတ်လုပ်ပြီး တစ်နှစ်အတွင်းကျော်ကြားလာသည်။

Lost El Dorado သည် ပျောက်ဆုံးနေသည့် မြို့ကိုရှာဖွေရသည့်ပုံစံမျိုးဖြစ်ပြီး ကစားသမားများအနေနှင့် အုပ်စုဖွဲ့ကာကစားရသည်ဖြစ်သည်။

လမ်းတစ်လျှောက် Lost El Dorado ၏ ရှေးဟောင်းအစောင့်အရှောက်များကိုဖြေရှင်းကာ cheat တွေရှာပြီး မြို့ဟောင်း၏ တံခါးကိုရှာကာဖွင့်ရမည်ဖြစ်သည်။ လမ်းတစ်လျှောက် Boss တွေဖြစ်သည့် ရှေးဟောင်းအစောင့်အရှောက်များကို ဖြေရှင်းရင်း ခတ်ခဲမှု level ကလည်းတစ်ဖြည်းဖြည်းမြင့်တက်လာမည်ဖြစ်သည်။

နောက်ဆုံးမြို့တံခါးကိုဖွင့်နိုင်သွားပြီဆိုလျှင် မြို့ထဲတွင် နှစ်ပေါင်းကြာရှည်စွာ တွယ်ကပ်နေသည့် မကောင်းဆိုးဝါးများကိုဖြေရှင်းရဦးမှာဖြစ်သည်။

မကောင်းဆိုးဝါးများကိုဖြေရှင်းပြီးနောက် မြို့၏ကျိန်စာကိုဆက်လက်ဖြေရှင်းပြီးမှသာ အဆုံးသို့ရောက်ပြီး အောင်မြင်မည်ဖြစ်သည်။

Graphic design အလန်းများ character design အဆန်းများအပြင် level သတ်မှတ်ပေးပုံနှင့် ဖြေရှင်းရသည့် quest များ၏ ဆန်းပြားမှုများကြောင့် အချိန်တိုတွင်းပင်အလျှင်အပြန်ထိပ်ဆုံးသို့ရောက်လာခဲ့ခြင်းဖြစ်သည်။

Lost El Dorado ၏မြင့်မားလာသည့်ဂုဏ်သတင်းနှင့်အတူ E.D IT ၏ ချောမောကာလှို့ဝှက်သည့် CEO သည်လည်း ထူးခြားဆန်းကြယ်သည့်ပုဂ္ဂိုလ်ဖြစ်လို့လာသည်။

အဘယ်ကြောင့်ဆိုသော် အင်တာဗျူးတွေလက်ခံပေမယ့် online ကနေသာလက်ခံ၍ ဆုပေးပွဲများနှင့်လူရှေ့ထွက်ရမည့်ကိစ္စများကိုတော့ဖြင့် အထူးပင်ရှောင်ရှားသောကြောင့်ဖြစ်သည်။

*****

Jongin တစ်ယောက် TV ဖန်သားပြင်မှ Sehun ၏ပုံရိပ်ကိုကြည့်ရင်းဝမ်းသာဂုဏ်ယူမှုနှင့်အတူ စိတ်ထဲလည်းခိုးလိုးခုလုဖြစ်လို့နေသည်။

ကောင်လေးဟာ Jongin ကိုလည်းပဲ online ကနေသာ အဆက်အသွယ်လုပ်သည်မဟုတ်ပါလား။ ခုထိလူချင်းမတွေ့ရသေးပါ။ Jongin လာတွေ့မည်ဆိုတော့လည်း ဒင်းလေးကလက်မခံ။  နောက်တစ်ယောက်များ ရနေတာလားနော်။

HIATUS_Where stories live. Discover now