Part : 7

195 35 8
                                    

• Unicode •

ပြိုင်ပွဲနေ့..

သည်ပွဲမှနိုင်လျှင် အလယ်တန်းအဆင့်တွင် ပြည်နယ်ကိုယ်စားပြုအသင်းဖြစ်လာပြီး နိုင်ငံကိုယ်စားပြုအသင်းဖြစ်လာဖို့များပေသည်။

ထို့ကြောင့် ပြိုင်ပွဲကားအကြိတ်အနယ်ပင်။
Shixun တို့နှင့်ပြိုင်ရသည့်တစ်ဖက်အသင်းက မိမိတို့ကိုလျှော့တွက်ထားဟန်တူတာမို့ အစပိုင်းတွင် ပေါ့တန်တန်ဆော့နေကြပေမယ့် လက်ရည်မနိမ့်သည်ကို ခန့်မှန်းလာမိသည့်အခါ ပထမပိုင်းပင်ရှိလင့်သေးကစား ပွဲကအကြိတ်အနယ်ဖြစ်လို့နေသည်။

Jongin တို့ကတော့ ပွဲကြည့်စင်ပေါ်မှာမဟုတ်ပဲ ‌အောက်နားတွင် မတ်တပ်ရပ်နေကြရပြီး ပွဲကြည့်နေကြသည့်ကျောင်းသားများ လူများပြီးမူးလဲတာမျိုး ရန်ဖြစ်တာမျိုး စသည့်ပြသနာများမဖြစ်ရအောင် စောင့်ကြည့်သည့်သဘောမျိုးဖြင့် အငြိမ်မနေရချေ။

နှစ်စဉ်နှစ်တိုင်း အားကစားပွဲ ကျင်းပကြခြင်း၏နောက်၌ အားပေးသည့်ပရိတ်သတ်ခြင်းရန်ဖြစ်ကြတာက အစဉ်အလာလိုပင်ဖြစ်လို့နေသည်။ လုံခြုံရေးတင်းကြပ်သည်မှန်သော်လည်း တုတ်များခိုးသယ်လာကာ ရန်ပွဲဖြစ်ဖူးတာမို့ ပုံမှန်မဟုတ်သည့်အခြေအနေရှိပါက ချက်ချင်းထိန်းသိမ်းနိုင်ရန် စောင့်ကြည့်သည့်တာဝန်ကို လုပ်ဆောင်လိုသည့်ကျောင်းသားများအား ခွဲဝေပေးထားရသည်။

အများပျော်ရွှင်နေသည့်အချိန်တွင် စိတ်ရှုပ်စရာကောင်းလှသည့် လိုက်လံစောင့်ကြည့်ရခြင်းတာဝန်ကို ယူမည့်သူကမရှိသလောက်နည်းတာမို့ ကျောင်းသားကောင်စီနှင့် စာပေအသင်း၊ အနုပညာအသင်းတို့ကသာခွဲယူလိုက်ရခြင်းသာ များသည်။

တစ်ဖက်ကကစားပုံကြမ်းလှတာမို့ Jongin မှာ Shixun ကိုစိတ်ပူလှသဖြင့် မြင်နေရသည့်နေရာမှ မတည်ငြိမ်နိုင်အောင် ဖြစ်လို့နေသည်။

"ပထမပိုင်းလဲပြီးခါနီးပြီဆိုတော့ သွားတွေ့ချင်တွေ့လေ"

Jongin နှင့်အတူတွဲကာတာဝန်ယူထားရသော Hojin ကပြောသည်။ မူမမှန်တာလည်းမတွေ့ရဖူးဆိုတော့ Hojin ကိုခဏထားခဲ့ပြီး Shixun ဆီသွားလို့အဆင်ပြေမည်ထင်တာမို့ ထွက်လာရန်ပြင်လိုက်သည်။

HIATUS_Where stories live. Discover now