Part : 20

115 24 6
                                    

•Unicode•

"ဒါဆိုမင်းတို့ကတကယ်ကြီး ပြန်မှာပေါ့"

Jun Myeon မှာ‌သေချာနေပြီးသားအကြောင်းအရာကို ထပ်မံအတည်ပြုပြန်သည်။ Eren ကအသက် 21 နှစ်ပြည့်ပြီမို့ Japan ကိုပြန်ပြီး Yeager Mansion နှင့်လုပ်ငန်းစုကိုဆက်ခံရမည်ဖြစ်သည်။

သိပ်မကြာခင်ကပဲအကြောင်းကြားစာရောက်လာပြီမို့ ပြန်ရတော့မှာဖြစ်သည်။

Eren ပြန်ရမည်ဆိုတော့ Levi ကလည်းမကျန်ခဲ့ပဲ ပြန်လိုက်မည်ဖြစ်သည်။ ကျောင်းပြောင်းဖို့လိုအပ်သည်များလည်း လုပ်ပြီးပြီမို့ လူသွားရန်သာကျန်တော့သည်။ မနက်ဖန်မနက်စောစော လေယာဉ်ထွက်မည်ဖြစ်ရာ ယခုည၌ နှုတ်ဆက်ပွဲဆိုကာ Soju ဝိုင်းထောင်နေခြင်း။

Jun Myeon တို့ထုံးစံအတိုင်း အယ်လ်ကိုဟော ပမာဏတစ်ခုထိဝင်ပြီးပြီမို့ အာသွက်လျှာသွက်ဖြစ်လာပြီဖြစ်သည်။

"အွန်း...စိတ်မပူနဲ့ ကြိုက်တဲ့အချိန်လာလည်လို့ရတယ် "

"အေးနော် ရောက်မှမသိချင်ယောင်မဆောင်ကြနဲ့နော်"

"အေးပါကွာ"

"တော်ကြတော့..မနက်စောစောထရဦးမှာ"

Levi ၏ ဆော်ဩမှုဖြင့် တစ်အားနောက်မကျခင်မှာပင်အိပ်ရာဝင်ခဲ့ကြသည်။
.
.
At 1:30 AM

တစ်ရေးနိုးတုန်းရေဆာတာကြောင့် Jun Myeon ရေသောက်ရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။

‌မီးတို့အကုန်မှိတ်ထားသော အောက်ထပ်ရှိ တွင်ခပ်မှိန်မှိန်လင်းနေသော အလင်းရောင်လေးကြောင့်မျက်လုံးများပင်ကျယ်သွားရသည်။

ထိုခပ်မှိန်မှိန်အလင်းလေးကား computer monitor မှလာသောအလင်းဖြစ်ကာ ထိုရှေ့မှာတော့ keyboard ကို‌တစ်ချောက်ချောက်နှိပ်နေသော Sehun

"Sehun na.."

အသံပေးလိုက်တော့လှည့်ကြည့်လာသည့် Sehun ကခုထိတစ်ရေးတောင်မအိပ်ရသေးသည့်ပုံ။

"Jun Myeon?"

"ခုထိမအိပ်သေးတာလား"

"အင်း..ဒီ code လေးကိုမနက်အပြီးရေးပေးရမှာမို့"

မိသားစုနှင့်ပတ်သတ်သည့်အခတ်အခဲတွေကို Sehun က သူတို့ကိုပြောပြလေ့မရှိ။ သူငယ်ချင်းတွေအပေါ်အပူပေးရမှာအားနာဟန်ရှိသော Sehun ကြောင့် Jun Myeon တို့လည်းအတင်းမမေးဖြစ်ခဲ့။ ကိုယ့်အတိုင်းအတာထက်ကျော်လွန်သောပြသနာများဖြစ်လာလျှင်တော့ အားလုံးနှင့်တိုင်ပင်ရန်ကတိထားတာမျိုးတော့ရှိသည်။

HIATUS_Where stories live. Discover now