Part : 22

98 17 0
                                    

• Unicode •

ရိုးရာစားသောက်ဆိုင်ကြီးတစ်ခု၏ အပြင်ဘက်က ဆူညံစွာသက်ဝင်လှုပ်ရှားမှုများက သီးသန့်ခန်း၏ အေးစက်စက်လေထုနှင့် ကွဲပြားခြားနားလှသည်။

Jongin ရှေ့တွင်ချထားသော အငွေ့သေနေပြီဖြစ်သော ရေနွေးကြမ်းခွက်အကြောင်းမဲ့စိုက်ကြည့်နေမိသည်။ 

မျက်နှာချင်းဆိုင်နေရာတွင်တော့ ပန်းကန်လုံး၊ ဇွန်းနှင့်တူ အစုံလိုက်က နေရာမယွင်းရှိနေဆဲဖြစ်သော်လည်း အနည်ငယ်အရာယွင်းနေသော ထိုင်ခုံအခင်းလေးက တစ်စုံတစ်ယောက်ထိုင်သွားကြောင်းပြနေသည်။

ထိုအချိန်မှာပင် သီးသန့်အခန်းတံခါးပွင့်သွားပြီး ရိုးရာဝတ်စုံနှင့်မိန်းကလေးနှစ်ဦးက မှာယူခဲ့ပြီးဖြစ်သောအစားအသောက်များကိုလာချပေးသည်။

ဧည့်သည်၏ တင်းမာနေဟန်ရှိသောစိတ်အခြေအနေကိုကြည့်ကာ ဟင်းပွဲများကိုခပ်မြန်မြန် ခင်းကျင်းပြီး ထွက်ခွာသွားကြသည်။

ခပ်တင်းတင်းဆုတ်ထားမိသော လက်သီးဆုတ်တို့က ခံပြင်းမှုတို့ကြောင့် ဖြစ်ပေလိမ့်မည်။

အခြေအမြစ်မရှိသော ပေါက်ကရအကြောင်းအရာတို့ ဂယက်ထနေချိန် Mr Lee ကအခွင့်ကောင်းကို အမိအရယူ၍ ပွဲလန့်တုန်းဖျာဝင်ခင်းလေရဲ့။

လွန်ခဲ့သောမိနစ်နှစ်ဆယ်ခန့်က..

ဝဖိုင့်ဖိုင့် Mr. Lee ၏အဆီပြန်နေသောမျက်နှာတွင် စိတ်မကောင်းဖြစ်ဟန်ဆောင်ထားသော ရွံစရာမျက်နှာဖုံးတစ်ခုရှိနေသည်။ 

"ကောင်လေးငယ်ငယ်လေးနဲ့ တွဲခုတ်နေတာဆိုတော့ ဘယ်လောက်တောင်များ...အဟမ်း.. ခုခေတ်ကလေးတွေလည်း အလွယ်လမ်းတယ်လိုက်ကြတာကိုး...ခုတော့...ကုမ္ပဏီမှာပါ ပြာသနာဖြစ်နေရပြီ..ရှယ်ယာဈေးတွေလည်း အတော့်ကိုကမောက်ကမဖြစ်သွားတာသိလိုက်မှာပါ"

"..."

Jongin ကစကားမပြန်တော့ခပ်ထေ့ထေ့ပြုံးရင်း ဆက်ပြောလာသည်။

"မောင်ရင့်ဘက်က ‌မဖြေရှင်းဘူးဆို‌ေတာ့ ကုမ္ပဏီပုံရိပ်ကို အဖက်ဆယ်ဖို့ လုပ်ရမဲ့ကိစ္စလေးတွေကို အကြောင်းလာကြားပေးတာပါ"

HIATUS_Where stories live. Discover now