Part : 23

139 21 1
                                    

• Unicode •

One week later

San Francisco international airport

တစ်ပတ်ကြာပြီးနောက်မှာ Sehun တစ်ယောက် နေရာအသစ်တစ်ခုကိုခြေချခဲ့ပြီဖြစ်သည်။

လေဆိပ်တွင်ပျားပန်းခပ်မျှ လှုပ်ရှားနေသော လူအုပ်ကြီးကိုကြည့်ရင်း ခရီးဆောင်အိတ်ကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။

Company ဘက်ကလာကြိုမှာမို့သိပ်စိတ်ပူစရာတော့ရှိမနေပါ။ နေထိုင်ဖို့အတွက်လည်းတိုက်ခန်းပါပေးထားတာမို့ အလုပ်ကိုသာအာရုံစိုက်ရန်သာလိုသည်။

ထိုအခိုက်

"ဟေ့ရှေ့ကတစ်ယောက်...ဟေ့..အို ဘာဆိုလား"

‌အသံကား Sehun အနောက်ဖက် ခရီးသည်အုပ်ကြားမှဖြစ်သည်။ လှည့်ကာလှမ်းကြည့်နေတုန်းမှာပဲ ပန်းရောင်ခေါင်းလေးတစ်ခုဟာ လူအုပ်ကြားကထိုးထွက်လာပြီး Sehun ကိုဘုန်းခနဲနေအောင်ဝင်တိုက်လာသည်။ အရှိန်သိပ်မများတာမို့လဲမသွားပဲပြန်ထိန်းလိုက်နိုင်သည်။

ထိုကောင်လေးကတော့ Sehun ကိုငါးတစ်လုံးပေးနေသလို လက်ဝါးတစ်ဖက်ထောင်ပြပြီး မတ်တပ်အတိုင်းလေးအမောဖြေနေသေးသည်။

ပန်းရောင်ဆံပင်တွေကစုတ်ဖွာနေပြီးလည်ပင်းတွင်လည်း Headphone အဖြူရောင်ခပ်ကြီးကြီးကိုချိတ်ဆွဲထားသည်။

အရပ်ကတော့ Sehun ထပ်ပုသည်ပြောရမည်။ အသားဖြူဖြူ မျက်ပေတုံးနဲ့ကောင်လေးက အထက်တန်းကျောင်းသားလေးနှယ်။ Hoodie အကြီးကြီးနှင့်အတူတွဲဝတ်ထားသည့်ဘောင်းဘီကလည်းအပွကြီးဖြစ်သလို ဖိနပ်ကလည်းကြီးတာပင်။ ဒီကြားထဲလက်တစ်ဖက်ကဆွဲလာသည့်ခရီးဆောင်အိတ်ကြီးကလည်း Sehun ခါးတစ်ဝက်လောက်ရှိလိမ့်မည်။ လွယ်ထားတဲ့ကျောပိုးအိတ်မှာ ချိတ်ဆွဲထားသည့် ဘာမှန်းမသိ သည့်အဝါရောင်အမွှေးလုံးလုံးလေးကပင် မီးသီးအလတ်စားလောက်လေးရှိမည်။

လူကလွဲရင် အသုံးဆောင်မှန်သမျှ Oversize တွေချည်းပင်။

"မောလိုက်တာ ခြေထောက်ကြီးရှည်တိုင်း အဲ့လောက်မြန်မြန်သွားစရာလား"

"မင်းက"

"အဟမ်း..ကိုယ်က Byun Baekhyun Delight tech. မှာ R&D dept. ကအဖွဲ့မှူး အခုလုပ်မဲ့ project ရဲ့ leader အဖြစ်တာဝန်ယူမဲ့လူ"

HIATUS_Tempat cerita menjadi hidup. Temukan sekarang