Part : 2

288 47 12
                                    

• Unicode •

လေးယောက်သား computer ပစ္စည်းအပိုရောင်းသည့်ဆိုင်ထဲရောက်နေပြီး ဟိုကြည့်သည်ကြည့် အလုပ်များလျှက်ရှိသည်။

တကယ်တော့ Jun Myeon တစ်ယောက် mouse ပျက်သွားလို့ အသစ်ဝယ်ဖို့ရန်လာခဲ့ခြင်း။ ကျန်သုံးယောက်နှင့်မဆိုင်သော်လည်း သူငယ်ချင်းကိစ္စကိုယ့်ကိစ္စနှလုံးမူကာရောက်နေခြင်း

ဆိုင်ဝန်ထမ်းမိန်းကလေးများက ဘာအလိုရှိပါသလဲမေးရင်း သူဝယ်တာကိုအဖော်လိုက်ပေးတာဟူသော သဘောနှင့် Jun Myeon ကိုချည်းညွှန်ပြနေရသော်လည်း ခုထိယောင်လည်လည်လုပ်နေသော Jun Myeon က ဆိုင်ဝန်ထမ်းတွေကိုမပြောနှင့်မိမိတို့သုံးယောက်ကိုတောင်အဖက်မလုပ်တော့

Jun Myeon တစ်ယောက်ဆိုင်ထဲဟိုကြည့်သည်ကြည့်နှင့် တစ်ယောက်သောသူကိုရှာနေမိသည်။

မကျေမနပ်ဖြစ်လာကြဟန်ပေါ်သော BFF သုံးယောက်ကိုလည်းမသိချင်ယောင်ဆောင်နေရသေးသည်။

မကြာလိုက် Jun Myeon မျှော်နေသူရောက်လာပြီဖြစ်သဖြင့် ခပ်မြန်မြန်ပင်အနားသွားလိုက်သည်။

"Hyung"

"Jun Myeon ပါလား ဒီတစ်ခါရော ဘာထပ်ပျက်ပြန်ပြီလဲ"

"အဲ့. mouse ပျက်သွားတာ အဟီး"

"ဟုတ်ပြီ အကိုပြပေးမယ်လေ ဘယ်လိုအမျိုးအစားမျိုးလိုချင်တာလဲ"

"ဟို...?"

"အကြမ်းခံမယ့်ဟာမျိုးပဲပြပေးပါ ခင်ဗျ"

ဝင်ပြောလိုက်သော Eren ကို Jun Myeon မျက်စောင်းအကြီးကြီးပစ်ကျွေးလိုက်သည်။

သာသနာဖျက်!တစ်သက်လုံး FA ဖြစ်မယ့်ကောင်။

"ကောင်းပါပြီခင်ဗျ"

နှစ်လိုဖွယ်အပြုံးနဲ့အကိုကြီးက ပါးချိုင့်‌တွေပေါ်အောင် ပြုံးနေရင်း ပစ္စည်းယူရန်တစ်ဖက်သို့ လှည့်သွားသည်။

"ကြာနေတာကို စကားမစပ် ချောတယ်နော် အဲ့အကိုကြီးက"

ခပ်တိုးတိုးပြောလာသော Eren စကားကြောင့်  Jun Myeon ဗိုက်ကိုတံတောင်နဲ့ထိုးပစ်လိုက်သည်။

"ငါ့အကိုကြီး ! သားကြီးအတွေးမမှားနဲ့"

"ဝေါင်း...Jun Myeon မင်း.."

HIATUS_Where stories live. Discover now