Part : 18

109 25 2
                                    

•Unicode•

"yar..Oh Sehun ငြိမ်ငြိမ်ထိုင်နေစမ်းပါ"

Jun Myeon ထံမှအသံစူးစူးနှင့်အတူ ဆိုဖာပေါ်တင်ထားသော ဝက်ဝံရုပ်က Sehun ထံတည့်တည့်ပျံသန်းလာသည်။

"ဦးကိုစိတ်ပူလို့ရူးတော့မှာပဲ"

Sehun ၏အတော့်ကိုပူပန်နေသော ပုံစံကြောင့် Jun Myeon လည်းတိတ်တိတ်နေပေးရန်သာတွေးလိုက်သည်။

မနက်ခင်းသတင်းတွင် Japan မှပြန်လာသော SJ CEO ဟောင်း Kim Jongin အား ရံပုံငွေအလွဲသုံးစားလုပ်မှုနှင့်စစ်ဆေးမှုခံယူရန်...အစချီသည့်အကြောင်းအရာတင်ပြပြီးကတည်းက Sehun တစ်ယောက်မထိုင်နိုင်မထနိုင်ဖြစ်နေခြင်း။

"Kai လေးရောအဆင်ပြေရဲ့လားမသိဘူး"

..

"ဦးတစ်ယောက်တည်းအဆင်ပြေပါ့မလား"

..

"မရတော့ဘူး.."

ပြောနေရင်း အပေါ်ဝတ်ကိုဆွဲကာအပြင်ထွက်သွားသော Sehun ကြောင့် Jun Myeon တစ်ယောက်လေပူတွေကိုသာမှုတ်‌ထုတ်လိုက်တော့သည်။

"မင်း ဦးက မလုပ်တက်မကိုင်တက် ကလေးပေါက်စလေးမဟုတ်ဘူး Oh Sehun ရဲ့..တကယ်ပါပဲ"

*******

Sehun တို့ပြန်သွားပြီးတစ်ပတ်ခန့်မှာပင် လေးလေး Wu သည် Jongin ကိုစိတ်ချလက်ချပင်ထားခဲ့ပါတော့သည်။

မနက်ခင်းအစောပိုင်း အာရုဏ်တက်ချိန်ကိုစောင့်ရင်းနှင့်ပင် ငြိမ်းငြိမ်းချမ်းချမ်းထွက်ခွာသွားခဲ့သည်။

ဈာပနကိစ္စကိုတော့ Feng er နှင့် Jongin တတို့နှစ်ယောက်သားဦးစီးခဲ့ပြီး Wazuka မှာပင်မြေချပြီးစီးခဲ့သည်။

ကိစ္စအဝဝပြီးစီးပါမှ Jongin အမိမြေသို့ပြန်လာခဲ့သည်။ ရှင်းလင်းရမည့် ကိစ္စတို့ကကျန်နေပါသေးသည်မဟုတ်လား။

Kai လေးကတော့ Feng er ပေါ်ကနေ Jongin အားငိုမဲ့မဲ့နှင့်လက်လှမ်းနေသည်။

"သား Appa နဲ့ပြန်လိုက်ချင်တယ်"

"သားကို Appa ဘာပြောထားလဲ"

"ဟင့်..Feng shu shu နဲ့လိမ်လိမ်မာမာလေးခဏနေရမယ်"

"Appa သားလေးကမလိမ္မာဘူးလား"

HIATUS_Where stories live. Discover now