Part : 8

312 34 4
                                    

• Unicode •

သိပ်မကြာလိုက်ခင်မှာပင် တစ်ဖက်မှကျောင်းသားအုပ်စု၏ မိဘများရောက်လာကြသလို Jongin ၏မေမေနှင့် Yuan Wei ၏ဦးလေးဖြစ်သူတို့ရောက်လာကြသည်။ Shixun နှင့်ကျန်ကျောင်းနှစ်ယောက်၏ အိမ်ကမူ အိမ်တော်ထိန်းများသာရောက်လာသည်။

Jongin တို့အသိုင်းအဝိုင်းတွင် ဤကိစ္စမျိုးကဖြစ်လေ့ဖြစ်ထရှိသည်များပင်။ မည်မျှပင်သားသမီးကိုချစ်သည်ဆိုဆို ကိစ္စအားလုံးအတွက်နောက်မှ လိုက်မပေးနိုင်ကြချေ။

"ဘာဖြစ်ခဲ့တယ်ဆိုတာကိုပြန်ပြောကြပါဦး"

တစ်ဖက်ကပင် သူတို့ကပင်နစ်နာသူလို စီကာပတ်ကုန်းပြောပြန်သည်။

ဆရာကြီးက ထိုကျောင်းသားများပြောသည်ကိုနားထောင်ပြီးမှ Jongin တို့ကိုပြောရန်အချက်ပြသည်။

Shixun ရော Jongin ပါဘာမှမပြောတော့ Yuan Wei တို့ကိုလှည့်မေးသည်။

"အစအဆုံးတော့ကျွန်တော်တို့လည်းမသိဘူး ဆရာကြီး ကျွန်တော့်သူငယ်ချင်းတွေ အထိုစခံနေရတာတွေ့လို့ဝင်ကူညီတာပါ"

Jongin မေမေမှာ မိမိ၏ကလေးနှစ်ယောက်ထံမှ မည်သည့်ဖြေရှင်းချက်မှ မရသည့်အဆုံး တစ်ဖက်ကိုသာ ကျေအေးပေးရန်တောင်းဆိုလိုက်သည်။

ကျောင်းသားအုပ်စုက Jongin တို့နှစ်ယောက် တောင်းပန်ရုံနှင့်ကျေနပ်ပါသည် ဆိုလာသောကြောင့် Jongin မေမေက

"သားတို့တောင်းပန်လိုက်နော်"

ထိုစကားအဆုံး Shixun ထံမှထွက်လာသည့်အေးစက်စက်အသံ

"Sorry"

တစ်ဖက်အုပ်စုမှာအင်တင်တင်ဖြစ်သွားသော်လည်း ပြသနာမြန်မြန်ပြီးရေးအတွက်ခေါင်းသာ ငြိမ့်လိုက်ရသည်။
ခုနေ သူတို့နှစ်ယောက်ကဘာမှဝင်မပြောလို့ အသာရနေပေမယ့် အခြေအနေက ရုတ်ခြည်းပြောင်းလဲနိုင်သည်မဟုတ်ပါလား။

Shixun ကတော့ပြောပြီးသည်နှင့်မတ်တပ်ထရပ်သည်။

သို့သော်

"အလိုတော်..ရိုင်းလိုက်တာအေ!တောင်းပန်တာကလည်းပေါ့ပျက်ပျက်နဲ့ ယဉ်ကျေးမှုကိုမရှိဘူး!!မကျေနပ်နိုင်ဘူး!!"

HIATUS_Where stories live. Discover now