Part : 5

198 36 8
                                    

• Unicode •

လွန်ခဲ့သောနှစ်နှစ်ဆယ်..

"Jongin na "

ရေးလက်စ ဇာတ်လမ်းက ပြီးခါနီးပြီမို့ သဲသဲမဲမဲရေးနေတုန်း Shixun အသံကြောင့်မော့ကြည့်လိုက်တော့

အားကစားအင်္ကျီအဖြူရောင်ကို ဝတ်ထားသော Shixun ကစာသင်ခန်းထဲဝင်မလာဘဲ တံခါးဝကနေ ဘက်စကတ်ဘောလုံးကိုပိုက်ထားပြီး Jongin ကိုပြုံးပြနေသည်။

"ဘာပြောမလို့လဲ"

"ဒီနေ့အစမ်းလေ့ကျင့်မယ်လို့ပြောထားတယ်လေ မင်းပဲလိုက်ကြည့်မယ်ဆို"

"ဟုတ်သားပဲ ငါမေ့သွားလို့"

"ခုလိုက်ခဲ့ခုသွားရတော့မှာ"

"အွန်းအွန်း လာပြီ...ငါဒါတွေသိမ်းပြီးလိုက်ခဲ့မယ် သွားနှင့်လေ"

ပြောရင်း Jongin ကစားပွဲပေါ်မှစာအုပ်တွေကိုကောက်သိမ်းသည်။ အစောပိုင်းရေးလက်စဝတ္ထု ရဲ့အကြမ်းစာရွက်တွေပါတစ်ရွက်မကျန် စာအုပ်ထဲသေချာညှပ်ပြီးသိမ်းလိုက်သည်။

အိတ်ကိုလွယ်ပြီးထရပ်လိုက်တော့မှ စားပွဲအောက်ခြေထားမှချထားသော ရေဘူးနှစ်ဘူးကိုမြင်တော့မှ

အစောပိုင်းစာထဲစိတ်ရောက်သွားတာနဲ့ မေ့သွားတာပင်။

အိတ်ကိုပုခုံးတစ်ဖက်ပေါ်လွယ်ရင်း ရေနှစ်ဘူးကိုလက်ကကိုင်ရင်း ထွက်လာတော့ အခန်းဝမှ Shixun ကအိတ်ကိုစီးကြိုကာယူသည်။

"သွားရအောင်"

"သွားနှင့်ပါဆိုတာကို"

"လာစမ်းပါ"
.
.
.
.
.
အစမ်းလေ့ကျင့်မှုဆိုပေမယ့် နှစ်ဖက်လုံးကအားသွန်ခွန်စိုက်ကစားနေကြသည်။

အစမ်းလေ့ကျင့်သည်ဆိုသော်လည်း လာရောက်အားပေးသော ကျောင်းသားကျောင်းသူများ ရှိနေတာမို့ တစ်ဖက်ဖက်က အမှတ်ရသွားတိုင်း အားပေးသံများ အော်ဟစ်သံများဆူလာလျက်ပင်။

မျက်မှန်မပါသော Shixun မျက်နှာကရှင်းရှင်းလင်းလင်းနှင့် တစ်မျိုးကြည့်ကောင်းနေသည်။

Shixun က online game ကိုရော ဘက်စကတ်ဘောကိုပါ စွဲစွဲလမ်းလမ်း နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားတက်သူပင်။

HIATUS_Where stories live. Discover now