Part : 28

86 17 0
                                    

• Unicode •

အပျော်တွေနှင့်ကြည့်နေလိုလားပဲမသိ လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည့် အဆုံးအစမဲ့ တိမ်ပင်လယ်ဖြူဖြူကပင် cotton candy ရောင်စုံတွေခင်းထားသည်နှင့် တူသည်ဟုတွေးမိသည်အထိ။

ဦးကိုကြည့်လိုက်တော့ Eyes mask ဝါဝါလေးတပ်ထားကာအိပ်‌ေပျာ်နေသည်။ ဇက်ကြီးလည်ကာသက်တောင့်သက်သာမရှိပုံပေါ်နေတာကြောင့် ပုခုံးပေါ်တင်ပေးတော့ အနည်းငယ်လှုပ်သွားပြီးမှဆက်အိပ်နေသည်။

လွန်ခဲ့သုံးလက Sehun တို့လေ့ကျင့်ခန်းဆင်းလုပ်နေကျ ပန်းခြံလေးထဲမှာပင်ဦးက သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့ပါသည်။

ထိုနေ့က

လေ့ကျင့်ခန်းအားလုံးလုပ်အပြီး တောင့်တင်းနေပြီဖြစ်သော ခြေထောက်ကြွက်သားများကိုအနားပေးရန် လူလုပ်ရေကန်ဘေးရှိခုံတန်းလေးပေါ်တွင်ထိုင်ချလိုက်သည်။

ညနေစောင်းမှ လမ်းဆင်းလျှောက်ဖြစ်တာကြောင့် ပြီးသည့်အချိန်တွင်မှောင်နေပြီဖြစ်၍ မီးပွင့်လေးတွေထွန်းထားနေပြီဖြစ်သည်။

"ငါ့ကလေးလေးပင်ပန်းသွားပြီ"

ဦးကထုံးစံအတိုင်း ချီးကျူးစကားပြောပြီး နဖူးကိုဖွဖွနမ်းသည်။
ထို့နောက် ဓာတ်ဆားရေဘူးကိုအဆင်သင့်သောက်လို့ရအောင်အဖုံးဖွင့်ပေးပြီးဖြစ်သည်။

"ကောင်လေးခနနေဦးနော် ကိုယ်မုန့်သွားယူဦးမယ်"

"အွန်းပါ..မြန်မြန်တော့ပြန်လာနော်"

"အေးပါကွာ"

သူ့ဆံပင်တွေကို ဆွဲဖွပြီးဦးကအိမ်ထဲကိုဝင်သွားသည်။

ဦးဝင်သွားသွားချင်မှာပင် ရုတ်တရက်မီးတွေအမှောင်ကျသွားတာကြောင့် Sehun ကြောင်သွားရသည်။

ကိုယ့်ခြံထဲမှာမို့လို့လားတော့မသိစိုးရိမ်စိတ်မဖြစ်မိပေမဲ့ ရုတ်တရက်မီးမှောင်ကျသွားသောအခြေအနေကြောင့် ဦးတစ်ယောက်ထိခိုက်မှာကိုစိတ်ပူမိသွားရသည်။

ပူပင်မှုနှင့်အတူထရပ်လိုက်စဉ်မှာပဲ ကွက်ကြားကွက်ကြားလင်းလာသောမီးလေးများက အစောပိုင်း Sehun သတိမထားမိသည့် ပန်းခြံ၏ပြောင်းလဲနေသည့်အပြင်အဆင်တွေကို မီးမောင်းထိုးပြထားသလိုဖြစ်လို့နေသည်။

HIATUS_Where stories live. Discover now