Part : 19

166 29 5
                                    

•Unicode•

Sehun တစ်ယောက်စားပွဲပေါ်ရှိ ဖန်ပုလင်းများနှင့်အလုပ်ရှုပ်နေသော ဦးကို ငေးနေမိသည်။

ဦးက ယခုဆိုလျှင် ရေမွှေးလုပ်ငန်းကိုပြန်ဦးစီးနေပြီဖြစ်သည်။ ရေမွှေးစပ်တာကိုပါ ဝါသနာထုံသည့်ဦးက အခုလိုနားရက်တွေမှာတောင် အိမ်တွင်ဖန်ပုလင်းပေါင်းစုံနှင့် အလုပ်ရှုပ်နေတက်သည်။

Laptop နှင့်အလုပ်လုပ်နေတက်သော ဦးပုံစံကခန့်ခန့်ညားညားနှင့်ဆွဲဆောင်မှုရှိသည်ဆိုလျှင် အခုလို ရေမွှေးစပ်နေသည့် ဦးပုံစံကသိမ်သိမ်မွေ့မွေ့နှင့်ဆွဲဆောင်မှုရှိလေသည်။

နို့နှစ်ရောင်ဆွယ်တာလက်ရှည်နှင့် ကော်ဖီရောင် စတိုင်လ်ပန်ကိုဝတ်ဆင်ထားသည့် ဦးက ရှေးဟောင်းရုပ်ရှင်များထဲကခုန်ထွက်လာသလိုကြည့်ကောင်းလှသည်။

အရင်လို formal suit တွေနဲ့မဟုတ်ပဲ အခုလို လေးမြင်ရတာကို Sehun ပိုသဘောကျသည်။

Suit ဝတ်၊ leather shoes စီးပြီး Hair up နှင့် ဦးက Sehun အတွက်နေမင်းကြီးနှင့်တူသည်။

အခုတော့ဖြင့်ဦးက Sehun ရဲ့ လမင်းကြီးနှင့်တူသည်။ ဟိ..

ကိုယ့်အတွေးနဲ့ကိုယ် ဟိ လိုက်တာ မထိန်းနိုင်ပဲအပြင်မှာပါအသံထွက်မိသွားတာမို့ ဦးကလှမ်းကြည့်ရင်းပြောသည်။

"ဘာတွေသဘောကျနေတာလဲ ကောင်လေးရဲ့"

"ဦးကကြည့်ကောင်းလို့"

ခပ်တည်တည်နှင့်ပြန်ပြောတော့ ဦးကခေါင်းလေးငုံ့ပြီးရယ်လေရဲ့။

"ဟုတ်ပါပြီ မြှောက်စရာမလိုပါဘူး"

ပြောရင်းနှင့် ဦးက Sehun ရှေ့ကိုလက်တစ်ဖဝါးခန့်အရှည်ရှိကာ ကြည်ပြာရောင်အရည်လေးတွေပါသည့် ဖန်ပုလင်းလေးချပေးလာသည်။

"ဒါလေးက.."

"မင်းအတွက်"

"ကျွန်တော့်အတွက်"

မျက်လုံးဝိုင်းသွားသည့် Sehun ကဖန်ပုလင်းကိုယူကာ အဖုံးဖွင့်လိုက်တော့ အနံ့လေးတစ်ခုက ခပ်သင်းသင်းလေးပျံ့လာသည်။

"ကြိုက်ရဲ့လား "

"ကြိုက်တယ် အရမ်းပဲ..ပင်လယ်နံ့လေး"

HIATUS_Where stories live. Discover now