Part : 10

176 37 3
                                    

• Unicode •

Jongin နိုးလာသည့်အချိန်မှာတော့ စိုးရိမ်တကြီးကြည့်နေသော မေမေ

"မေမေ"

"သားလေးသတိရလာပြီ..နေလို့ထိုင်လို့ရောအဆင်ပြေလား? မသက်မသာဖြစ်နေတာမျိုးရော ရှိသေးလား"

"အဆင်ပြေပါတယ်..ခေါင်းတော့နည်းနည်းမူးတယ်"

"မေမေ ဆရာဝန်ကိုအကြောင်းသွားကြားလိုက်ဦးမယ်နော်"

"ဟုတ်..မေမေ ခဏ"

"ပြောလေသားလေး"

"Shixun..သူအဆင်ပြေရဲ့လား.."

‌"..ပြေ..ပြေပါတယ်"

"ကျွန်တော်တွေ့ချင်တယ်"

Jongin ပြောကာထရန်ပြင်တော့ ခြေထောက်ထံမှ နာကျင်သွားသော ခံစားမှု။ ကြည့်လိုက်တော့ ညာဘက်ခြေသလုံးတွင် တင်းတင်းကျပ်ကျပ်စည်းထားသော ပတ်တီးများ။

ဘာဖြစ်ခဲ့တာလဲစဉ်းစားနေတုန်း မေမေကပြောလာသည်။

"သားခြေသလုံးက ဘာနဲ့ခြစ်မိထားတာလဲတော့မသိဘူး။ တော်တော်နက်လို့ ငါးချက်ချုပ်ထားရတယ်...နားနားနေနေ နေပါ။ နောက်ရက်မှ Shixun ဆီသွားတွေ့တာပေါ့"

"..."

"ဒါဆို မေမေ ဆရာဝန်သွား‌ခေါ်လိုက်ဦးမယ်"

ထွက်သွားသော မေမေ့ကျောပြင်ကိုကြည့်ရင်း  Jongin မျက်လုံးတို့ကိုမှိတ်ထားလိုက်သည်။

မကြာလိုက် မေမေနှင့်အတူ ဆရာဝန်ပါပြန်ရောက်လာပြီး Jongin အခြေအနေကိုမေးကာ ဆောင်ရန်ရှောင်ရန်ပြောကာ ဆေးပါပေးသွားသည်။

ဆရာဝန်ထွက်သွားမှ မေမေက

"သား..မေမေအိမ်ခဏပြန်ဦးမယ်"

"ရပါတယ်..အလုပ်‌တွေရှိသေးတာကို သားအနားမှာအကြာကြီးနေပြီးပြီပဲဟာ"

Jongin သတိမရခြင်း အနားမှာနေနေမည့် မေမေ့အကြောင်းကို သိထားပြီးသားမို့ စိတ်ချလက်ချအိမ်ပြန်ရန်သာပြောလိုက်သည်။

အကိုက်အခဲပျောက်ဆေးနှင့်အတူ အိပ်ဆေးပါပေးခဲ့ဟန်တူတာမို့ မေမေပြန်သွားပြီး မကြာမီမှာပင် Jongin တဖြည်းဖြည်းအိပ်ချင်လာသည်။

HIATUS_Where stories live. Discover now