Part : 16

139 30 24
                                    

• Unicode •

"ဟုတ်..အိပ်မ‌ပျော်တော့တာနဲ့"

ဦးလေး Wu ကခေါင်းတညိမ့်ညိမ့်လုပ်နေသည်။

"ကိုရီးယားကိုမပြန်ဘူးလား"

"ကျွန်တော် လွှတ်ချလိုက်ပြီ ဦးလေး"

"နောင်တမရဖူးလား"

"အဟင်း..မရဘူးဆိုရင်ညာတာပေါ့.ကျွန်တော့်လက်ကျွန်တော့်ခြေနဲ့ မူးလဲအထိကြိုးစားပေးဆပ်ထားရတာကို"

"..."

"ဒါပေမယ့်..ကျွန်တော့်လက်ထဲမှာပိုတန်ဖိုးကြီးတဲ့အရာတွေရှိနေသေးတာပဲကို..ကျေနပ်ပါတယ်"

ခပ်ဖျော့ဖျော့ပြုံးရင်းဆိုလာသော Jongin စကားကို ဦးလေး Wu ကတိတ်တဆိတ်ပဲနားထောင်ပေးသည်။

"Kai လေးရဲ့မေမေရော ဦးလေးနောက်ပိုင်းမကြားမိလို့"

"သူမ..သားကိုကျွန်တော့်ဆီပို့ပေးပြီး ခြောက်လပဲကြာပြီးဆုံးသွားတယ်..ဦးနှောက်အကြိတ်ကြောင့်."

"လက်တွဲဖော်ရှာဖို့မစဉ်းစားဘူးလား"

"ကျွန်တော့်မှာ Kai လေးတစ်ယောက်ရှိရုံနဲ့လုံလောက်ပါတယ်.."

"..."

ပြန်လည်တိတ်ဆိတ်သွားသောစကားဝိုင်း

Kai က Jongin ရဲ့သား။ လွန်ခဲ့သောကိုးနှစ်ခန့်က ပါတီတစ်ခုတွင် Jongin ဘဝအတွက် အမှားကြီးတစ်ခုကိုကျုးလွန်မိခဲ့ခြင်း။

သို့သော်ထိုအမှားမှ Jongin အတွက်အဖိုးအတန်ဆုံးဖြစ်သည့် သားငယ်ကိုခေါ်ဆောင်ပေးခဲ့သည်။

သက်ပြင်းခပ်ငွေ့ငွေ့ချရင်း အတွေးတို့ကိုပါ လေပူနှင့်အတူမှုတ်ထုတ်လိုက်တော့သည်။

**Ph ring**

"ဦးးးး"

စူးခနဲထွက်လာသည့်အသံကြောင့် Jongin ဖုန်းကိုနားနှင့်ခွာလိုက်ရသည်။

ဒီကောင်လေးကတော့..

"ကောင်လေး ဘာပြောစရာရှိလို့လဲ"

"ဦး..ဦးက S.J ရဲ့ CEO ဆိုတာတကယ်လား"

"CEO ဟောင်းပါ"

ခပ်သဲ့သဲ့ရယ်နှင့်အတူပျံ့လွင့်လာသော ဦးအသံကြောင့် Sehun ၏ယောက်ယက်ခတ်နေသော စိတ်တို့အနည်းငယ်တည်ငြိမ်သွားသည်။

HIATUS_Onde as histórias ganham vida. Descobre agora