🎄Christmas Special Gift🎄

2.5K 265 3
                                    

[UNICODE]

စာဖတ်သူ အားလုံး~ 

🎄Merry Christmas ပါ🎄

ပျော်ရွှင်ဖွယ် Christmas နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

ဒီနေ့က Christmas နေ့လေးဖြစ်တဲ့အပြင် ကျွန်တော် အပိုင်းတွေပြန် Updated တဲ့နေ့လေးလည်း ဖြစ်တဲ့အတွက်ကြောင့် Special Ep လေးတစ်ခု ထည့်ဖြစ်ပါတယ်ဗျာ။ အဓိက ကတော့ Update ကြာသွားတဲ့အတွက် စာဖတ်သူတို့
နည်းနည်းလည်း သွေးပူသွားအောင်ရယ်
စာဖတ်သူနဲ့ ဟေမန္တအလွန်တို့အကြား ပိုပြီးရင်းနှီးစေချင်တာကြောင့် Q & A လေးတွေလုပ်ဖို့ စီစဥ်ဖြစ်သွားပါတယ်။ အားလုံးလည်း သိချင်နေကြမယ့်အချက်လေးတွေဖြစ်ကြမယ်လို့
မျှော်လင့်မိပါတယ်ဗျာ။

ဒါဆို ကျွန်တော်ရဲ့ Christmas လက်ဆောင်ဖြစ်တဲ့ Q & Aလေးတွေကို ဖတ်ကြည့်ကြရအောင်ဗျာ။ 


Q : "ဟေမန္တအလွန်" ဆိုတာ ဘာအဓိပ္ပါယ်လဲ?

A : ဟေမန္တ ၊ တစ်နည်းအားဖြင့် ဆောင်းရာသီ။ အရိုးခိုက်သည်အထိ အေးခဲစေသည့် ဆောင်းရာသီကား မြောက်လေနှင့်အတူ နှင်းမြူတို့ကို ဆောင်လာသည်။ ပိုးဖဲကတ္တီပါတို့သည်ကား အေးခဲနေသည့် နှလုံးသားကို နွေးထွေးစေခြင်းငှာ မစွမ်းသာပေ။ သည်ဆောင်းကို လွန်လျှင် ပန်းအလီလီတို့ ပွင့်ဖူးမည့် နွေရာသီသို့
ရောက်လိမ့်မည်။ စိတ်တွင်းမှ အညစ်အကြေးတို့ကို သန့်စင်စေရန်အလို့ငှာ ကျင်းပသည့် သင်္ကြန်ကာလကလည်း စောင့်ကြိုနေပေမည်။
လက်တစ်ဖက်ဖြင့် သပြေခက်ကို ကိုင်လျက် ကျန်လက်တစ်ဖက်ကို သူ့အား ကမ်းနေသော မေတ္တာသက်ဝင်ရသည့် ချစ်ရသူကိုလည်း
မြင်တွေ့ရမည်။ ထို့ကြောင့်လည်း သည်ဟေမန္တကို လွန်စေချင်သည်။ ဟေမန္တကို လွန်ချိန်တွင် ပျော်ရွှင်ခြင်းအစုစုက သူ့အား စောင့်ကြိုလင့်နေလိမ့်မည်။

ဒါကတော့ နိဒါန်းက စာပေါ့နော်။ ဟေမန္တဆိုတာ ဆောင်းရာသီလို့ အဓိပ္ပါယ်ရပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီ ကုန်ဆုံးတဲ့အခါ နွေးထွေးတဲ့ နွေရာသီကို ချစ်သူနဲ့အတူ ​ ဖြတ်သန်းချင်ပါတယ်ပေါ့။ Fic ကို ဆက်ဖတ်ရင်တော့ဆောင်းရာသီက ရာသီတစ်ခုအပြင် ဘာကို ရည်ညွှန်း​သေးတယ်ဆိုတာ သိပါလိမ့်မယ်။

ဟေမန္တအလွန်Where stories live. Discover now