✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨

1.7K 169 17
                                    

[UNICODE]

✨ ကျေးဇူးတင်လွှာ ဆိုတော့ ကျေးဇူးတင်ခံရ
မယ့်သူတွေအကြောင်း တန်းစီရေးမယ်ဗျာ။ ✨

✨ အရင်ဦးဆုံးကတော့ အယ်ဒီတာကြီးပေါ့ဗျာ။ 
အယ်ဒီတာကြီးနဲ့ ကျွန်တော်က မိသားစုလို ခင်မင်ကြတဲ့သူဆိုလည်း မမှားဘူး။ ကျွန်တော် ဒီစာမူနဲ့ ပြိုင်ပွဲဝင်မယ့်အကြောင်းပြောပြတော့ အယ်ဒီတာက စိတ်ဝင်စားပြီး အားပေးခဲ့ပါတယ်။ နောက်တော့ ဘယ်လိုဇာတ်လမ်းရေးမလဲ မေးရာက ကျွန်တော်က ကျွန်တော့်အတွေးတွေကို ပြောပြဖြစ်ပါတယ်။ အဲ့အချိန် အယ်ဒီတာကြီးက
သူ့အမြင်ကိုလည်းပြန်ပြောပြရင်း နှစ်ယောက်က အတော်အတိုင်အပေါက် ကိုက်တာကို တွေ့ရပါတယ်။ ဆိုလိုချင်တာက တွေးပုံတွေးနည်း ဇာတ်လမ်းအသွားအလာ လုပ်ချင်တဲ့ပုံစံက အစ နှစ်ယောက်က တူနေတာပါပဲ။ ဒါကတော့ ကံကောင်းတဲ့အချက်လို့ပြောရမှာပဲ။ အဲ့တာကနေစလို့ အယ်ဒီတာကြီးက ဟေမန္တအလွန်ကို အယ်ဒီတာလုပ်ပေးမယ့်အကြောင်း
ပြောလာပါတော့တယ်။ ဒီကလည်း သိပ်လက်မခံချင်တာဆိုတော့ ချက်ချင်းလက်ခံလိုက်ပါတယ်။ 

နောက်တော့ ဇာတ်လမ်းနာမည်ပေးတာ ဇာတ်ကောင်တွေဖန်တီးတာ plotတွေ ဖန်တီးတာကအစ နှစ်ယောက်က တိုင်တိုင်ပင်ပင်နဲ့ သေချာ အားစိုက်ထားခဲ့ကြပါတယ်။ Deadline အမှီ နှစ်ယောက်သား ကုန်းရုန်းရေးခဲ့ကြတာကလည်း အမှတ်တရတွေပါပဲ။ နေ့တိုင်း အယ်ဒီတာကို သွားဂျီကျတာလည်း အမောပါပဲ။ ဒါကို စိတ်ရှည်ရှည်နဲ့ အကောင်းဆုံးတွေ ဖန်းတီးပေးလို့ ထပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပါရစေ ။ 
ဟိုးအစကနေ အခုအဆုံးထိ မငြီးမငြူ အတူရှိပေးတဲ့အတွက် ကျေးဇူးပါ Alexရေ ---
အချစ်တွေယူပါလို့ ❤ 
ရလာဒ်ကောင်းတွေ အတူမျှော်ကြမယ်နော် ။
Alex_Gryffindor

✨ ဒုတိယ ကျေးဇူးတင်မိတဲ့သူကတော့
ညီမလေးယဥ်သီရိ ပါ။ စာမူပြိုင်ပွဲရှိတဲ့အကြောင်း သူလာပြောပေးရာကနေ
ဟေမန္တအလွန် ဖြစ်လာခဲ့တာပါ။ နောက်ပြီး အပိုင်းတိုင်းကို သေချာဖတ်ပြီး အားပေးတဲ့အတွက်ကျေးဇူးပါလို့။ 
lyle-bunny

✨ တတိယ ကျေးဇူးတင်တဲ့သူကတော့ ကျွန်တော် ကိုယ်တိုင်ပါပဲ။ အရင်က အရေးအသား အစုတ်အချာလေးတွေနဲ့ Fanfic​ တွေပဲ ရေးခဲ့တဲ့သူတစ်ယောက်ပါ။ အခုတော့
သေသေချာခါ ကောင်းကောင်းမွန်မွန် နဲ့ ဝတ္ထုတစ်ပုဒ်ကို အဆုံးသတ်နိုင်ခဲ့တာမို့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။

ဟေမန္တအလွန်Where stories live. Discover now