✨ Extra ✨

2.6K 183 15
                                    

----- ဤ Extra အပိုင်းတွင် ပါဝင်သော ဇာတ်လမ်း၊ ဇာတ်အိမ်သည် မူရင်း ဇာတ်အိမ်နှင့် ပတ်သတ်ဆက်နွယ်ခြင်း မရှိပါပဲ စာရေးသူ၏ နောက်ထပ် ဖန်တီးမူ သပ်သပ်သာဖြစ်ပါသည်။ 21ရာစုမှာသာ စောယွန်းနှင့်သုန္ဓတို့ တွေ့ဆုံခဲ့ရင်ဆိုတဲ့ စိတ်ကူးစိတ်သန်းပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာဖြစ်ပါသည်။

စာဖတ်သူတို့ အနေနဲ့လည်း ဟေမန္တအလွန် ကို 21ရာစု Versionနှင့် အဆုဘက်က ဖန်တီးဖြစ်ခဲ့ရင်ကော ဘယ်လိုများ သဘောရလဲ Commentလေး ရေးပေးခဲ့လို့ရပါတယ်ဗျာ။ ဒီ Extraလေးကတော့ ပေါ့ပေါ့ပါးပါး အတိုလေးပဲမို့ ရှည်ရှည်လေးဆို ဖတ်ချင်ကြမလားလို့ပါ ။ ---




[ UNICODE ]

နံနက် ရောင်နီဦး အစပြိုးကာစ အချိန်ဖြစ်သည့်တိုင် ရန်ကုန်ဘူတာကြီးတွင် လူစည်ကားလှသည်။ အိပ်ငိုက်ပြေစေသည့် ဆူညံသံများအကြား ထိုင်စရာနေရာ မရှိသဖြင့် တိုင်တစ်တိုင်ကို ပျင်းရိစွာ မှီလျက် စောယွန်း ရထားအလာကို စောင့်နေသည်။ ကျောပိုးအိတ်ကို ရင်တွင်ပိုက်ထားကာ ကင်မရာအိတ်က သူ၏ လက်ကောက်ဝတ်တွင် တွဲလွဲခိုနေသည်။ ဆောင်းအကုန် နွေဦးကာလဖြစ်သည့်တိုင် အအေးဓာတ်က နံနက်ခင်းတွင် မပြယ်သေးသဖြင့် ရှပ်အင်္ကျီလက်ရှည်ကို အပေါ်မှ အင်္ကျီလက်တို ထပ်၍ ဝတ်ထားပြီး ပေါ့ပေါ့ပါးပါး cargo ဘောင်းဘီကို
ဝတ်လာခဲ့သည်။ 

မြူခိုးများက ပြယ်စမပြုသေးမီ ရထားကို မြင်လိုက်ရသည်။ စင်္ကြံတစ်လျှောက်မှ လူအုပ်များက အလျှိုလျှို ရထားပေါ်သို့ တက်သွားကြသည်ကို စောယွန်းစောင့်နေသည်။ လူရှင်းလုနီးပါးဖြစ်သည့်အချိန်မှ အထူးတန်းသို့ ခပ်သွက်သွက် ဦးတည်သည်။ လေအေးအချို့က သူ၏ ဆံပင်များကို လေထဲတွင်သာ လွင့်နေစေပြီး မျက်နှာကို ရုတ်တရက် ရေခဲအရိုက်ခံလိုက်ရသည့်နှယ် ချက်ချင်း အေးသွားစေသည်။ 

ဟေမန္တအလွန်Where stories live. Discover now