အခန်း ၁၂ (Z + U)

4.2K 520 17
                                    

[UNICODE]

"ဘဝရှင် မင်းတရားကြီး ဘုရား၊ ဒက္ခိဏ စစ်သူကြီးမင်း အခစားဝင်ရောက်ကြောင်းပါ။"

လျှောက်တင်ပြီးသည်နှင့် ဟန်စစ်မင်းက ရှင်ဘုရင် ရှေ့တော်မှောက် အခစားဝင်လေသည်။ အရှင်မင်းကြီးက အလွန်အမျက်ထွက်နေပုံရပြီး ဟန်စစ်မင်း ရောက်သည်နှင့် ချက်ချင်း
မိန့်တော်မူသည်။

"ဒက္ခိဏ စစ်သူကြီးမင်း ငါကိုယ်တော် အမိန့်ချမယ် ၊ ယခု ချက်ချင်း ဟံသာဝတီကို တိုက်ခိုက်သိမ်းယူလော့။"

ရုတ်တရက် နားထဲသို့ ဝင်လာသော အမိန့်တော်ကြောင့် ဟန်စစ်မင်းက မော်ဖူးစေ ဟူသည့် အမိန့်ကို မကြားရသေးပဲနှင့် ပလ္လင်ဆီသို့ ကြည့်လိုက်မိသည်။အင်း၀ ပြည့်ရှင်ဘုရင်၏ မျက်နှာတော်က တင်းမာနေပြီး အမျက်ဒေါသ၏ ပူလောင်မှုအရှိန်ကား ဟန်စစ်မင်းပင် ခံစားမိနေသည်။ 

ဟံသာဝတီ၊ ဟံသာဝတီကား အင်းဝ၏ လက်အောက်တွင်မရှိ၊ သူ့ရှင်ဘုရင်၊ သူ့ကြငှန်းနှင့် ရှိသော ပြည်ဖြစ်သည်။ သို့သော်
သူ အခစားဝင်သည်နှင့် ကြားရသော တစ်ချက်လွှတ်အမိန့်၏ အသံပိုင်ရှင်ကား အခြားလူမဟုတ်၊ အင်းဝပြည့်ရှင်ဖြစ်သည်။ အခြားမှုးမတ်များနှင့် ပြောဆိုဆွေးနွေးပြီးဟန်ရပြီး ယခုအခြေအနေအရ ဟန်စစ်မင်း အလျှောက်
မတော်လျှင် သူ့ခေါင်းပါ ပြတ်စေနိုင်သည်။
လမ်းရောက်မှ စုံစမ်းမည်ဟုတွေးကာ
ဟန်စစ်မင်းက လျှောက်တင်သည်။ 

"မှန်လှပါ ဘုရား ၊ အမိန့်တော်မြတ်အတိုင်းပါ။"

မင်းကြီးက ပြန်လွှတ်သည်နှင့် တပြိုင်နက်
ဟန်စစ်မင်းက ချက်ချင်းပင် တပ်သားများ ရှိရာသို့ ဦးတည်လိုက်သည်။ လမ်းတွင် တစ်စုံတစ်ယောက်က သူ့အား ကြည့်နေသည်ကို ဟန်စစ်မင်းက သိသော်ငြား မသိကျိုးကျွန်ပြု၍ ခြေလှမ်းကျဲကျဲနှင့် မြန်မြန်လျှောက်သွားသည်။

"ပီအိုက်-- အရှေ့က ပစ်မှတ်ကို သေချာ အာရုံစိုက်။"

သိန္နီမြို့ ပညာသင်ကြားရာ ကျောင်းတော်ကြီးရှိ မြားပစ်လေ့ကျင်းရေးကွင်းတွင်ဖြစ်သည်။

စောယွန်းက မျက်ခုံးတစ်ဖက်သာ ပင့်ပြပြီး ပေါ့ပါးသွက်လက်စွာ မြားကို လေးတွင်တင်ကာ လေးညို့ကို ဆွဲလိုက်သည်။ လေးညို့ကို လွှတ်လိုက်သည့်အခါ မြားက လျင်မြန်စွာ
ပြေးထွက်သွားပြီး ကောက်ရိုးတိုင်၏ အလယ်တည့်တည့်တွင် စိုက်သွားသည်။ သုန္ဓက လက်ပိုက်ထားလျက် စောယွန်းကို ပြုံးပြသည်။

ဟေမန္တအလွန်Where stories live. Discover now