အခန်း ၇ (Z + U)

4.8K 568 7
                                    

[UNICODE]

ယနေ့တွင် စောယွန်းက သင်ကြားချိန်ပြီးသည်
နှင့် အဆောင်ပြန်ခဲ့သည်။ အကြောင်းမှာ အနောက်လှည့်တိုင်း ကျောချမ်းစေသည်အထိ စိုက်ကြည့်နေသော သုန္ဓကြောင့်ပင် ဖြစ်သည်။ ထိုအကြည့်များက နန္ဒ၏ အကြည့်များထက်
ပိုကြောက်ဖို့ကောင်းနေသလိုပင်။ ထို့ကြောင့် သင်ကြားမှု ပြီးသည်နှင့် သုန္ဓက သတိမပေးမီ အဆောင်ပြန်နားနေရသည်။

အခန်းထဲသို့ ရောက်သည့်အခါ အိပ်ယာပေါ်တွင် ခြေလက်များ ပစ်လှဲချပြီး မျက်နှာကြက်ကို မော့ကြည့်မိသည်။ မျက်နှာကြက်ပေါ်တွင်
ကျွန်းရက်မတိုင်ကြီးများရှိပြီး သစ်သားပေါ်တွင် အရုပ်အချို့ကိုပင် ထွင်းထားသေးသည်။
စောယွန်းက အရုပ်များကို ကြည့်နေရင်း
ထူးဆန်းစွာ ၂၁ရာစုကို သတိရမိသည်။

အထူးသဖြင့် မိဘများကို လွမ်းဆွတ်သတိရမိသည်။ ပန်းချီဆွဲရသည့် နေ့များကို တမ်းတမိသည်။ ကားသံများ၊ ရထားသံများနှင့် နှစ်ပေါင်းများစွာ အသားကျနေခဲ့သဖြင့် ယခုကဲ့သို့ အလွန်တိတ်ဆိတ်နေသည့် ညနေခင်းမျိုးကို မရင်းနှီးသေးပဲဖြစ်နေသည်။ သိလိုရာ ရှာနိုင်သော
နည်းပညာ၊ အလွယ်တကူ သွားလားနိုင်သည့် ယာဉ်များ၊ အရာအားလုံးက အိပ်မက်မက်နေသည့်နှယ်ပင်။ သူ့ကိုယ်သူပင် မည်သူမှန်း
ဝေခွဲမရသည်အထိ စိတ်ထွေပြားလာရသည်။

"ပီအိုက်--။ "

အတွေးက ပျောက်ပြယ်သွားပြီး အသံလာရာကို ကြည့်လိုက်သည့်အခါ သုန္ဓဖြစ်နေသည်။
စောယွန်းက အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။ သုန္ဓက သစ်သားခေါက်စားပွဲတစ်ခုကို အခန်းထောင့်မှ ယူလာပြီး စောယွန်း၏ အိပ်ယာပေါ်တွင် ဖြန့်ခင်းလိုက်သည်။ လက်ထဲမှ
အစိမ်းရောင် ဖက်နှင့်ထုပ်ထားသည့် အထုပ်နှစ်ထုပ်ကို စားပွဲပေါ်တွင် တင်ကာ သူကလည်း
စောယွန်း၏ အိပ်ယာအစွန်းတွင် ထိုင်လိုက်သည်။

"အဆာပြေ ဌာပနာထုပ် စားကြရအောင်။"

စောယွန်းက ဖက်နှင့်ထုပ်ထားသည့် အထုပ်များကို ကြည့်ကာ မေးသည်။

"ဘာရယ်?"

သုန္ဓက ဘာမှမပြောပဲ ဖက်ကို ဖြည်လိုက်သည်။ အထဲမှ မုန့်ဖက်ထုပ်ဖြူဖြူများက အငွေ့အနည်းငယ်နှင့်အတူ ထွက်လာသည်။

ဟေမန္တအလွန်Where stories live. Discover now