အခန်း ၂၄ (Z + U)

3.4K 413 11
                                    

[UNICODE]

"သေချာ စီစဥ်ထားတဲ့ကြားက
ပျက်စီးရတယ်လို့ ။"

မြောက်နန်းဆောင်တွင်ဖြစ်သည်။ မြောက်နန်းဆောင် မိဖုရား၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်ငြား  အသံကမူ အလွန်တင်းမာနေသဖြင့် အမျက်ထွက်နေမှန်း သိသာလှသည်။

"အဖွဲ့ကွဲသွားပေမယ့် မင်းသားသီဟနဲ့ အဖွဲ့က တောကောင်ရှာရင်း အိမ်ရှေ့စံရှိတဲ့နေရာကို ရောက်လာခဲ့တာပါ။ အိမ်ရှေ့မင်းသားက ကံကောင်းသွားခဲ့တာပါ။"

"သင်းသာ မရောက်လာရင် အားလုံး အစီအစဥ်တိုင်းဖြစ်မှာပ။ အခုတော့ အားလုံးပျက်စီးကုန်ပြီ။ "

မြောက်နန်းမိဖုရားက လက်သီးကို တင်းကြပ်စွာ ဆုပ်ထားပြီးနောက် ဆံပင်ကို သပ်လိုက်သည်။  

"နောက်ထပ်အချိန်အခါကောင်းကို ထပ်မံ စောင့်ဆိုင်းသင့်ကြောင်းပါ ဘုရား၊ ယခုဆိုလျှင် မင်းသားသုန္ဓအနား လုံခြုံရေးပိုမို တင်းကြပ်ထားပေတာမို့ မဆင်မခြင် လှုပ်ရှားရန် မသင့်တော်သေးကြောင်းပါ။ "

"အငိုက်ဖမ်းကာမှ သတိပေးသလို ဖြစ်သွားတယ်မဟုတ်လား ၊ ရှေ့လျှောက် လှုပ်ရှားဖို့အတွက်က ဟာကွက်မရှိအောင် ပြင်ဆင်နိုင်မှ ရမယ် ၊ မဟုတ်ရင် သားရဲတွင်းကို ကိုယ်တိုင်ဝင်တာနဲ့ အတူတူပဲ။ "

"မှန်လှပါ ။"

"စစ်သူကြီးဘက်ကရော ခြေရာလက်ရာ မကျန်တာ သေချာသလား ။"

"သေချာကြောင်းပါ ဘုရား ၊ ဖမ်းမိသူအချို့က ထိုနေရာမှာတင် အဆုံးစီရင်သွားကြောင်းပါ ။"

မိဖုရားက ပြန်မပြောပဲ သက်ပျင်းချလိုက်သည်။ 
သူ၏ပုံမှာ အလွန်စိတ်ပျက်နေပုံရပြီး မျက်လုံးများ မှိတ်ထားကာ လက်ချောင်းများဖြင့် မျက်ရိုးကိုသာ  ဖိနေသည်။ အကယ်၍ အမှုက အစအန ကျန်ခဲ့ပါလျှင် နှစ်ရှည်လများ စီမံထားသမျှ အကုန် သဲထဲရေသွန်ဖြစ်ပေတော့မည်မို့ သူမ စိုးရိမ်မိသည်တော့ အမှန်ပင်။

အတွင်းဝန်မင်းမှာလည်း စကားပြန်ပြောရန် အနေရခက်နေကာ အခြေအနေက တိတ်ဆိတ်သွားသည်။ 

"သုန္ဓအနားက အတိုင်ပင်ခံဆိုတဲ့ သူကိုလည်း လျှော့မတွက်သင့်ဘူး။ အဲဒီအတိုင်ပင်ခံက ဉာဏ်များလွန်းတဲ့အပြင် သုန္ဓအနားကလည်း မခွာပြန်ဘူး။ စစ်သူကြီးနဲ့လည်း သင်းက တော်ရုံပတ်သတ်နေတာမဟုတ်ပြန်ဘူး။ ကျောင်းတော်မှာတုန်းက အကြောင်းတွေ စုံစမ်းထားမိပေလို့ပေါ့ "

ဟေမန္တအလွန်Where stories live. Discover now