အခန်း ၂၇ (Z + U)

3.4K 404 2
                                    

[UNICODE]

အာရုဏ်မတက်ခင်ပင် စောယွန်းက မိဘများကို နှုတ်ဆက်ကာ နန်းတော်သို့ ပြန်လာခဲ့သည်။ လေအေးများက စောယွန်း၏ မျက်နှာသို့ အပြေးအလွှား ဝင်တိုးကြသော်ငြား စိတ်အတွင်းက ပူလောင်နေသည်ကိုမူ မအေးစေပေ။ မနေ့ညက ဟန်စစ်မင်းနှင့် အခြေအတင် မဖြစ်သင့်ပဲ ဖြစ်ခဲ့ရသည်က သူ့ကို တစ်ညလုံးအိပ်မရစေသည်အထိ အနှောင့်အယှက်ပေးနေခဲ့သည်။ 
ပြဿနာကို ဖြေရှင်းရန် ကြိုးစားကာမှ ပိုမိုရှုပ်ထွေးလာခဲ့သဖြင့် စောယွန်းက ဒေါသထွက်နေမိသည်။

နန်းတော်ရောက်သည်နှင့် သုန္ဓ၏ အဆောင်တော်သို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။ သုန္ဓကမူ အိပ်ပျော်နေဆဲဖြစ်သည်။ စောယွန်းက သုန္ဓ၏ ကုတင်အနီးသို့ ခြေထောက်ဖွကာ လျှောက်သွားသည်။ သုန္ဓ၏ ဆံပင်များက  ခေါင်းအုံးပေါ်တွင် ပြန့်ကြဲနေကာ ကုတင်စွန်းအထိ ကပိုကရို ကျနေသည်။ စောယွန်းက ကုတင်အောက်တွင် ဒူးတစ်ဖက်ထောက်ထိုင်လျက် သုန္ဓ၏ မျက်နှပေါ်တွင်ကျနေသည့် ဆံပင်အချို့ကို အသာအယာ ဖယ်လိုက်သည်။

ရုတ်တရက် မနေ့က သူပြောခဲ့မိသော စကားကို သတိရမိသည်။ အကယ်၍ သူသာ ဟန်စစ်မင်း၏ အနောက်သို့ လိုက်သွားပါလျှင် သုန္ဓကို ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့ပဲ သုန္ဓကလည်း သူ့အား မုန်းတီးသွားလိမ့်မည်ဟု တွေးမိသည်။

မနေ့က သူ့အား လုပ်ကြံမှုဖြစ်ပွားချိန်တွင်
ကာကွယ်ပေးခဲ့သူက ဗညားမှန်း အတည်ပြုနိုင်ခဲ့သည်။ ဗညားက သူ့ကို ကာကွယ်ချင်မည့်သူမဟုတ်မှန်း စောယွန်းက သိသည်။ ထို့ကြောင့်လည်း ဟန်စစ်မင်းကို သံသယဝင်ခဲ့ခြင်းဖြစ်သည်။ သူထင်သည့်အတိုင်း ဟန်စစ်မင်းက ပါဝင်ပက်သတ်နေခဲ့သည်။ သူသာ စကားမမှားခဲ့လျှင် ဟန်စစ်မင်းကို လမ်းမှန်ပြန်ရောက်လာစေရန် ပြောနိင်ကောင်းပြောနိုင်လိမ့်မည်။  သို့သော် ယခုသူတတ်နိုင်သည့်အရာကား ဟန်စစ်မင်း စိတ်ပြေချိန်အထိ စောင့်ရန်သာ။

စောယွန်းက မတ်တပ်ထကာ သုန္ဓအတွက် မျက်နှာသစ်ရေ ယူရန် ထလိုက်သည်။ ရုတ်တရက် သုန္ဓက စောယွန်း၏ လက်ကို ဆွဲလိုက်သောကြောင့် စောယွန်းက  သုန္ဓ အပေါ်သို့ ကျသွားသည်။ စောယွန်းက ကုတင်ပေါ်ကို လက်ထောက်ထားကာ သုန္ဓ၏ လက်များက
စောယွန်း၏ ခါးပေါ်တွင် တင်ထားသည်။

ဟေမန္တအလွန်Where stories live. Discover now