21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?

4K 212 16
                                    

[UNICODE]

ယောရောဘွန်း မတွေ့ရတာ ကြာပါပြီ။
နေကောင်းကြရဲ့လားဗျ။ အရင်ဆုံးအနေနဲ့ အစစအရာရာ ဂရုစိုက်ကြပါလို့ အဆုက မှာချင်ပါတယ်ဗျ။

ကဲ အဲဒီတော့ အဓိက ခေါင်းစဉ်လေးကို သွားကြရအောင်ဗျာ။ အဆုကို လာမေးကြတဲ့ မေးခွန်းလေးပေါ့နော် "၂၁ရာစုက စောယွန်းလေးက ဘာဖြစ်သွားလဲ " ပေါ့ ။ အိုကေ အဲ့ကိစ္စလေးကို အဆု ရှင်းပြပါမယ်ဗျာ။

အဆု ဒီဇာတ်လမ်းလေးကို ရေးဖို့ စ တွေးတော့ Parallel Universe ကို အခြေခံပြီး ရေးချင်ခဲ့တယ်ရယ်။ ဆိုလိုချင်တာက အဆုတို့ ဒီမှာ ရှိနေတဲ့ လူ တစ်ဦးတစ်ယောက်က တခြား Universeမှာလည်း ရှိနေတယ်ပေါ့နော်။ သို့သော် အ‌ခြေအနေတွေကတော့ အမျိုးမျိုး မတူပဲ ဖြစ်နေနိုင်တယ်ရယ်။ ဥပမာ နိုင်ငံ အခြေအနေ၊ ခေတ်အခြေအနေ၊ အဲ့သူရဲ့ ပင်ကိုယ်စရိုက် စသည်ဖြင့်ပေါ့။

ဆိုတော့ကား 21ရာစုက စောယွန်းရယ် သူ့မိသားစုရယ်လိုပဲ တခြား Universeမှာလည်း စောယွန်းဆိုတဲ့ သူရယ် သူ့မိသားစုရယ် ရှိပါတယ်။ သို့သော် ခေတ်အခြေအနေရယ် စောယွန်းတွေရဲ့ ပင်ကိုယ်စရိုက်တွေရယ်က မတူနိုင်ကြပါဘူး။

စာဖတ်တဲ့ ကလေးလေးတွေ သတိထားမိကြလား အဆုရေးတဲ့ ကုန်းဘောင်ခေတ်က လက်ရှိ မြန်မာ့ ကုန်းဘောင်ခေတ်နဲ့ ၇၀%လောက် မတူပါဘူးနော်။ ပြောချင်တာက အဆုတို့ မြန်မာ့ ကုန်းဘောင်ခေတ်က ဖြစ်ခဲ့တာတွေအတိုင်း တခြား Universeမှာ ဖြစ်မယ်လို့ မဆိုလိုပါဘူး။ အဲ့တာကြောင့် ဟေမန္တအလွန် ထဲက ကုန်းဘောင်ခေတ်က အများကြီးတိုးတက်ပြောင်းလဲနေတာ သတိထားမိမှာပါ။ အခေါ်အဝေါ်၊ အသုံးအနှုန်းနဲ့ နန်းတွင်းအဆင့် နောက်ပြီး အဲ့ခေတ်ရဲ့ ဓလေ့လေးတွေကိုသာ အဆု စာတွေပြန်ဖတ်ပြီး မြန်မာ့ကုန်းဘောင်ခေတ်အတိုင်း ထည့်ပေးထားတာပါ။

ဟီး လေဖောဝာာ များပြန်ပြီ လိုရင်းပြန်သွားကြမယ်။ 21ရာစုက စောယွန်းလေး မေ့လဲတဲ့အချိန် နဲ့ ကုန်းဘောင်ခေတ်က စောယွန်းလေး အပြင်းဖျားပြီး ဆုံးတဲ့အချိန်က တိုက်ဆိုင်သွားတာပါ။ ဆိုတော့ကား အပြင်းဖျားတဲ့ ကုန်းဘောင်ခေတ်က စောယွန်းလေးက တကယ် ဆုံးသွားပါတယ်။ အဲ့ချိန် 21ရာစုက စောယွန်းလေးရဲ့ ဝိဉာဉ်က ကုန်းဘောင်ခေတ်က စောယွန်းကိုယ်ထဲကို ရောက်သွားခဲ့တာပါ။

ဟေမန္တအလွန်Where stories live. Discover now