အခန်း ၂၂ (Z + U)

3.5K 424 5
                                    

[UNICODE]

ဧည့်ခန်းအတွင်းတွင် တိတ်ဆိတ်မှုက လွှမ်းမိုးထားသည်။ စောယွန်းက စားပွဲတွင်ထိုင်ရင်း လက်ထဲမှ ပေစာပေါ်တွင်သာ အာရုံစိုက်ထားသည်။ များပြားလှသည့် ဌာနများနှင့် ရာထူးများက စောယွန်းကို ငယ်ဘဝကို သတိရစေသည်။ အကြောင်းမှာ ကျောင်းတက်စဉ်က သမိုင်းဘာသာရပ်သင်ကြားချိန်ကို သတိရမိခြင်းကြောင့်ဖြစ်သည်။

ထိုစဥ် သုန္ဓက သူ၏ အခန်းအတွင်း ဝင်လာသောကြောင့် စောယွန်းက လှမ်းကြည့်ကာ ပြုံးပြသည်။ သုန္ဓက စောယွန်းအား ပြန်လည်ပြုံးပြပြီး  စောယွန်း၏ မျက်နှာချင်းဆိုင် ခုံတွင်ထိုင်လိုက်သည်။ 

"ပီအိုက်။"

"ပြောလေ နောင့်စိုင်း။ "

"သဘက်ခါကျရင် မင်းညီမင်းသားတွေ တောကစားပွဲ ရှိတယ်။ "

စောယွန်းက ပေစာဖတ်နေရာမှ ခေါင်းမော့ကြည့်သည်။ 

"ပျော်စရာ ကောင်းမှာပဲ။ "

"ဒီလိုပါပဲ။"

"မင်းသားတွေချည်းပဲလား ?"

သုန္ဓက ခေါင်းခါသည်။

"နောက်တော်ပါ လေးယောက်၊ငါးယောက်၊ သက်တော်စောင့်တွေနဲ့ အချိန်အားလပ်တဲ့ စစ်သူကြီးတွေရယ်ပေါ့။ တစ်ခါတစ်လေ စစ်သူကြီးတွေနဲ့ ကျွန်ုပ်တို့ မင်းညီမင်းသားတွေက အဖွဲ့ခွဲပြီး မည်သူက တောကောင် ပိုရသလဲ ပြိုင်ကြသေးတာပ။"

စောယွန်းက လက်ထဲမှ ပေစာရွက်ကို စားပွဲပေါ်တွင် ချကာ သုန္ဓကို ကြည့်၍ မေးသည်။

"ပီအိုက်ရော လိုက်လို့မရဘူးလား?"

သုန္ဓက လက်တစ်ဖက်ဖြင့် မေးထောက်လျက် စောယွန်းကို ကြည့်သည်။

"ရတာပေါ့။ ကျွန်ုပ်က ပီအိုက်ကို လာခေါ်တာပ။"

စောယွန်းက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး လက်မထိပ်နှင့်လက်ညိုးထိပ်တို့ကို ထိ၍
ဝိုင်းပြသည်။ သုန္ဓက ဆက်ပြောသည်။

"ဒါပေမယ့် ပီအိုက် သဘောကျပါ့မလား မသိလို့ ကျွန်ုပ် တွေဝေနေခဲ့တာပ။"

အခန်းပြတင်းတံခါးမှ တဆင့် အဆောင်တော်၏ အပြင်ဘက်တွင် သူငယ်တော်အချို့က တံမြက်စည်းများ၊ ကြမ်းသုတ်ဝတ်များကိုင်လျက် ခပ်သွက်သွက် လျှောက်နေကြသည်ကို စောယွန်းနှင့် သုန္ဓက မြင်လိုက်ရသည်။ များသောအားဖြင့် သူငယ်တော်များက ရှင်ဘုရင်၏ အနီးတွင် ခစားရသည့် ကလေးငယ်များဖြစ်သော်ငြား သုန္ဓက အိမ်ရှေ့စံဖြစ်သည့်အလျောက် သူငယ်တော်များက သုန္ဓကိုလည်း ခစားကြရသဖြင့် မကြာခဏ တွေ့မြင်ရလေ့ရှိသည်။

ဟေမန္တအလွန်Where stories live. Discover now