အခန်း ၂၃ (Z + U)

3.4K 450 11
                                    

[UNICODE]

သုန္ဓက နန်းတော်ရောက်သည်အထိ သတိရှိနေဆဲဖြစ်သည်။ နန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် မြင်းကို နှင်သွားပြီး စောယွန်းက မြင်းပေါ်မှ
အရင် ခုန်ဆင်းလိုက်သည်။ တံခါးမှ ဝင်လာကတည်းက အစောင့်စစ်သားတစ်ဦးက သမားတော်ကို အပြေးခေါ်ခဲ့သဖြင့် သူတို့ သုန္ဓ၏ နန်းဆောင်သို့ ရောက်သည့်အချိန်တွင် သမားတော်ကလည်း အချိန်မီ ရောက်လာသည်။ သုန္ဓကို မြင်းပေါ်မှ ချပြီး သီဟက ကျောပိုးကာ အဆောင်အတွင်းသို့ ခပ်သွက်သွက်ဝင်လာကြသည်။ 

သမားတော်က ဒဏ်ရာကို စစ်ဆေးပြီး ဆေးကြောသန့်စင်ရန် အစေခံများကို လိုအပ်သည်များ ညွှန်ကြားသည်။ သုန္ဓက သမားတော်၏ အနောက်တွင် ရပ်လျက် သူ့အား ပေါက်ထွက်မတတ် စိုက်ကြည့်နေသော စောယွန်းကို ကြည့်သည်။

စောယွန်း၏ ဆံပင်များက ပြေကျနေပြီး ဆံပင်အချို့က ပုခုံးအထိ တုံးတိ ပြတ်နေသည်။ သူ၏ မျက်နှာတစ်ပြင်လုံးက သွေးမရှိတော့သည့်နှယ် ကြွေထည်အလား ဆွတ်ဆွတ်ဖြူနေသည်။ ဒဏ်ရာရထားသော လက်က သွေးအလိမ်းလိမ်းနှင့် ပိတောက်ခြောက်ရောင် အင်္ကျီလက်က နီစွေးနေသည်။ သို့သော် စောယွန်း၏ မျက်လုံးများကမူ ဒေါသအရိပ်အယောင် မပြယ်သေးပေ။

"သမားတော်ကြီး၊ အတိုင်ပင်ခံလက်ကိုလည်း တစ်ချက်ကြည့်ပေးပါဦး။ "

"မှန်လှပါ ဘုရား။"

သမားတော်က အရိုအသေပေးကာ
ပြန်ဖြေသည်။ စောယွန်းကို သမားတော်က ခေါင်းငဲ့၍ ကြည့်သော်ငြား စောယွန်းက ဒဏ်ရာရထားသည့်လက်ကို အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ သုန္ဓကိုသာ ကြည့်နေသည်။ သုန္ဓ၏ ဒဏ်ရာကို သမားတော်က ဆေးကြောသန့်စင်ပြီး ဆေးထည့်ကာ ပိတ်ပါးဖြင့် တစ်ထပ်၊ ပတ်တီးနှင့် တစ်ထပ် စည်းသည်။ ထို့နောက် ဒဏ်ရာက မနက်လွန်းသော်လည်း သွေးအမြောက်အများထွက်ထားသဖြင့် အရှင်းပျောက်သည်အထိ ဂရုတစိုက် ကုသရန်လိုကြောင်း ပြောကြားပြီး စောယွန်းကိုလည်း ကုသပေးသည်။

"နောင်ကြီး စောယွန်းကို ကျေးဇူးတင်ပါတယ်။ "

သီဟက မတ်တပ်ရပ်နေရာမှ သမားတော်ပြန်သွားသောအခါ  ထိုင်လိုက်သည်။ သုန္ဓက စောယွန်းကို အနားတွင် ထိုင်ရန် ညောင်စောင်းဖျားကို လက်ဖြင့် အသာအယာ ပုတ်ပြသည်။ စောယွန်းက သုန္ဓအနားတွင် ထိုင်ကာ အလွန် မှေးမှိန်သော အပြုံးနှင့် ပြန်ဖြေသည်။ 

ဟေမန္တအလွန်Where stories live. Discover now