အပိုင်း ၁၇ (Z + U)

3.9K 514 19
                                    

[UNICODE]

မြူနှင်းများ အရည်ပျော်ချိန်တွင် နေသည်လည်း အနောက်အရပ်သို့ ယွန်းနေပြီဖြစ်သည်။ သန္နီမြို့တွင် နှင်းကျလေ့မရှိသဖြင့် လူအများစုက ထူးဆန်းသည့် အတိတ်နိမိတ်ကောင်းဟု ပြောနေကြသည်။ ဆရာကြီးကမူ နှင်းကျသည့် ကိစ္စနှင့် ပက်သတ်၍ ဘာမှ မပြောပဲ သူတို့အား ၂ ရက်အတွင်း နေရပ်သို့ ပြန်ကြရန် မှာကြားသည်။

စောယွန်းက ဧည့်ခန်း၏ မီးလင်းဖိုအနီးတွင် အခြားကျောင်းသားများနှင့် ဝိုင်းဖွဲ့စကားပြောနေသည်။ သို့သော် သုန္ဓက အခန်းထဲတွင်သာ နေနေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

အပြင်ဘက် ရာသီဥတုက တစ်မနက်ခင်းလုံး စွတ်စိုထိုင်းမှိုင်းနေပြီး သဘာဝအလင်းရောင် အနည်းအကျဉ်းသာ ရှိနေသည်။ သို့သော် ညနေစောင်းသည့်အခါတွင် အအေးဓာတ်က အနည်းငယ်ပြန်ကျသွားသည်။ သုန္ဓက ကုတင်ပေါ်တွင် လှဲချလိုက်ပြီး လက်ဖျံတစ်ဖက်ကို မျက်လုံးများပေါ်သို့ တင်လိုက်သည်။

ခဏအကြာတွင် အခန်းတံခါးက တွန်းပွင့်သွားပြီး စောယွန်းက ဝင်လာသည်။ 

သုန္ဓက စောယွန်း၏ ခြေသံကို ကြားနေရပြီး
စောယွန်းက သူ လှဲနေသော ကုတင်အနီးသို့ လျှောက်လာသည်။ ထို့နောက် သုန္ဓ၏ လက်ကို မျက်လုံးများပေါ်မှ အသာအယာ ဖယ်ရှားလိုက်သည်။

"နောင့်စိုင်း၊ နေကောင်းရဲ့လား ? "

သုန္ဓက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည့်အခါ သူ့အား စိတ်ပူနေသည့် မျက်လုံးများနှင့် ကြည့်နေသည့် စောယွန်းကို မြင်လိုက်ရသည်။ သို့သော် စောယွန်းက ယခင်အချိန်များနှင့် မတူပဲ ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး နားတွင်လည်း ပန်းငယ်တစ်ပွင့်ကို ပန်ထားသေးသည်။

"ကောင်းပါ့။"

သုန္ဓက ပန်းကို ယူကြည့်လိုက်သည့်အခါ သာမန် အလေ့ကျပေါက်သည့် အမျိုးအမည်မသိ အဖြူရောင် ပန်းငယ်ဖြစ်နေသည်။ စောယွန်းက
သုန္ဓ၏ လက်ထဲမှ ပန်းကို ကြည့်ကာ ရယ်သည်။

"နန်းလာ့က ပီအိုက်ရဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပေးချင်တယ်ဆိုတာနဲ့ ပေးကျစ်လိုက်တာ၊
ဒင်းလေးက ပန်းပါပန်ပေးလိုက်သေးတယ်။"

ဟေမန္တအလွန်Where stories live. Discover now