အခန်း ၂၅ (Z + U)

3.6K 385 6
                                    

[UNICODE]

ကြွေခွက်တစ်ခွက်က ကျယ်လောင်စွာ ကျကွဲသွားပြီး ထိုအသံက နန်းဆောင်အတွင်း လွှမ်းမိုးထားသည့် တိတ်ဆိတ်မှုကို လွှမ်းခြုံသွားသည်။ အစေခံများက ပြာပြာသလဲ ဝင်လာကြကာ ကြမ်းပြင်ပေါ်တွင် တစစီကွဲကြေနေသည့်
ကြွေခွက်အစများကို လှည်းကျင်းသိမ်းဆည်းကြသည်။

နန္ဒကား အစေခံများ၏လှုပ်ရှားမှု အစအဆုံးကို ကြည့်နေပြီးနောက် အခန်းထဲမှ ထွက်သွားကြရန် လက်ဖြင့် ဝှေ့ယမ်းပြလိုက်သည်။ နန္ဒ၏ မျက်နှာတွင် စိတ်အလိုမကျမှုက အထင်းသား ပေါ်လွင်နေပြီး ထိုင်ခုံပေါ်သို့ ပစ်လှဲကာ ထိုင်လိုက်သည်။ ပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်ကာ မိမိဘဝကို စိတ်ပျက်နေမိသည်။ အကြောင်းမှာ သူ၏ လက်ရှိဘဝက လှောင်အိမ်ထဲမှ ငှက်တစ်ကောင်
နှင့် ထူးမခြားနားပေ။ 

အဆောင်တော်အနီးမှ အမျိုးအမည်မသိသော အပင်က ရော်ရွက်ဝါများကို ခြွေချနေပြီး
လေအဝှေ့တွင် လက်တစ်ဆစ်သာသာသေးငယ်သည့် ရွက်ဝါများက နေရာအနှံ့သို့ ပြေးလွှားနေကြသည်။ နန္ဒက ထိုရော်ရွက်ဝါများကိုပင် မနာလိုမိသည်။ တစ်ချိန်တည်းမှာပင် သန္နီမြို့တွင် စာသင်စဉ်က အချိန်ကို သတိရမိသည်။ လွတ်လပ်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်သည်ကို သဘောကျနှစ်ခြိုက်မိပြီး သူ့စိတ်တိုင်းကျ ဆုံးဖြတ်ခွင့်လည်းရခဲ့သည်။ 

နန္ဒက တဆစ်ဆစ်ကိုက်နေဆဲဖြစ်သည့် လက်ပေါ်မှ သေးငယ်သော ဒဏ်ရာကို လက်ဖြင့် အုပ်ကိုင်လိုက်သည်။ သူသည်ပင် ဤမျှ နာကျင်ရလျှင်
သုန္ဓနှင့် စောယွန်းတို့ မည်မျှနာကျင်လိမ့်မည်နည်း။ ယနေ့အထိ သုန္ဓကိုသာမက စောယွန်းကိုပါ သူရင်မဆိုင်ရဲသဖြင့် နန်းဆောင်အပြင်ဖက်ကို ခြေတစ်လှမ်းပင်မလှမ်းခဲ့ပေ။

"မင်းသား သီဟ ကြွချီလာကြောင်းပါ ။"

နန်းဆောင်အပြင်မှ သတင်းပို့သံအပြီး သီဟက အခန်းအတွင်း ဝင်လာသည်။ 

သီဟက သူ့အား စိတ်ပူပန်သော မျက်လုံးများနှင့် ကြည့်သည်။ ထိုကလေးထံတွင် အရွယ်နှင့်မမျှသည့် စူးရှသည့်မျက်လုံးများရှိသော်ငြား ယနေ့တွင်မူ သာမန် ညီတစ်ယောက်က အကိုအား ကြည့်သည့် နူးညံ့သော မျက်လုံးများသာဖြစ်သည်။

ဟေမန္တအလွန်Where stories live. Discover now