အခန်း ၃ (Z + U)

7.8K 777 32
                                    

[UNICODE]

"မင်းသားကြီးသုန္ဓ ခစားဝင်ရောက်ကြောင်းပါ 
ဘုရား။"

နန်းဆောင်ပြင်ပရှိ အထိန်းတော်ကြီးမှ သတင်းပို့ သည်။ 

"အခစားဝင်စေ။"

ဘဝရှင်မင်းတရားကြီးထံ မှ အခွင့်ရသည်နှင့်
သုန္ဓ ခစားတော်ဝင်လေသည်။ 

"သားတော် ရောက်ရှိကြောင်းပါ ခမည်းတော်ဘုရား"

သုန္ဓ လျှောက်တင်သောအခါ ရှင်ဘုရင်က လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ရင်း
ဦးခေါင်းကို အနည်းငယ် ငြိမ့်၍ စကားဆိုသည်။ 

"သားတော် မကြာခင်  သိန္နီကို ပညာသင်ရန် သွားရောက်ရမည် မဟုတ်ပေလော"

"မှန်လှပါ ဘုရား။ "

"ခမည်းတော်အနေနဲ့ သားတော် မသွားခင် ဥပရာဇာဘွဲ့တော် အပ်နှင်းထားချင်တယ်"

A/N: ဥပရာဇာဘွဲ့ ဟူသည် အိမ်ရှေ့စံအရိုက်အရာ ကို အပ်နှင်းခြင်းပင်ဖြစ်သည်။

သုန္ဓက လက်အုပ်ချီလျှက်ဆိုသည်။

"ခမည်းတော် စိတ်သဘောအလိုတော်အတိုင်းပါ ဘုရား။ သို့ပေမယ့် သားတော်ရဲ့ အရည်အချင်းက ဥပရာဇာဘွဲ့တော်နဲ့ အလှမ်းဝေးနေသေးကြောင်းပါ။ ပညာရပ်များကို တစ်ဖက်ကမ်းခတ် တတ်မြောက်ပါမှ ဘွဲ့တော်ကို
လက်ခံဝံ့ပါကြောင်း သားတော် အရဲကိုးပြီး လျှောက်ထားအပ်ပါတယ် ဖခမည်းတော်ဘုရား။"

ဘဝရှင်မင်းတရားကြီးကား အမျက်မထွက်သည့်အပြင် ပြုံးတော်မူသည်။ 

"ကျိုးကြောင်းဆီလျော်ပါပေတယ် သုန္ဓ။ တစ်နှစ်မျှ ပညာသင်ကြားရုံနှင့် မင့်အရည်အချင်းပြည့်မီမှာကို ခမည်းတော်သိသပ။ သို့ပေမယ့် ဥပရာဇာနေရာလစ်လပ်နေတာ နှစ်အတန်ကြာပြီမို့ အချိန်မလင့်စေလိုတာ အမှန်ပဲ"

ရှင်ဘုရင် ကမ်းသော လက်ဖက်ရည်ကြမ်းခွက်ကို သုန္ဓက လက်နှစ်ဖက်ဖြင့် ရိုသေစွာ ယူလိုက်သည်။

".သားတော် မှတ်သားထားပ့ါမယ်၊ ကျေးဇူးကြီးမား လှကြောင်းပါ ခမည်းတော် "

သုန္ဓက အကြမ်းပန်းကန်ခွက်ထဲမှ မိမိ၏ ပုံရိပ်ကို အတော်ကြာသည်အထိ ကြည့်နေမိသည်။သုန္ဓက မင်းလုပ်အုပ်ချုပ်ရမည်ကို စိတ်မဝင်စားသူဖြစ်သည်။ သားအကြီးဆုံးဖြစ်တိုင်း ဥပရာဇာမဖြစ်နိုင်သော်ငြား သုန္ဓကား ငယ်စဉ်ကတည်းက ဘာသာရေး ၊ပညာရေး တို့တွင် အလွန်ထူးချွန်ခဲ့သူဖြစ်သည့် အားလျော်စွာ ဥပရာဇာဘွဲ့တော်က သူ့ကိုသာ စောင့်ကြိုနေခြင်းဖြစ်သည်။

ဟေမန္တအလွန်Where stories live. Discover now