အခန်း ၂၈ (Z + U)

3.3K 424 5
                                    

[UNICODE]

ယနေ့ နန်းတော် ၏ တံခါးကြီး၊တံခါးငယ်များကို ဖွင့်ထားပြီး ပြည်နယ်အသီးသီးမှ စော်ဘွားများ ၊ သူဌေးကြီးများက လက်ဆောင်ပဏ္ဍာအသီးသီးဖြင့် တဖွဲဖွဲ ဝင်ရောက်လာနေကြသည်။ မှုးမတ်များ ၊ ဝန်ကြီးများနှင့် တခြားသော ရာထူးကြီးသူများလည်း ခန်းမအတွင်း ရောက်ရှိနေကြသည်။ 

အမျိုးသမီး ယိမ်းအက၊ အမျိုးသား ယိမ်းအက များကို ကပြဖျော်ဖြေသူများကား တောက်ပသော အဝတ်များကို ဝတ်ဆင်ထားလျက် တစ်လှည့်စီ မတူသော အကအလှများ ၊ပညာရပ်များဖြင့် ညီညာလှပပြေပြစ်စွာ  ဖျော်ဖြေနေကြသည်။ တူရိယာ ၅ ပါး၏ တင့်တယ်ညီညာသော သံစဉ်များက နန်းတွင်း၏ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။

ဤကား မြောက်နန်းစံမိဖုရားကြီး၏ မွေးနေ့ပွဲပင်ဖြစ်သည်။ မိဖုရားက ခန်းမတွင် ရောက်ရှိနေပြီဖြစ်ပြီး မျက်နှာမှာ ပြုံးရွှင်လျှက်ရှိသည်။  

ခဏကြာပြီးနောက် သုန္ဓ နှင့်စောယွန်းသည်လည်း ရောက်ရှိလာသည်။ စောယွန်းက ပတ်ဝန်းကျင်ကို အကဲခတ်မိသည်။ အခမ်းအနားကား တစ်ခမ်းတနား ပြင်ဆင်ထားကာ တက်ရောက်သူများမှာလည်း အလွှာစုံက
ဖြစ်ပြန်သည်။ မိဖုရားများနှင့်အတူ မင်းညီမင်းသား တို့ကလည်း အစုံအလင်ပင် ရောက်ရှိနေကြသည်။ 

စောယွန်းက မလှမ်းမကမ်းတွင် ထိုင်နေသော နန္ဒကို လှမ်းကြည့်ရာ ခေါင်းကိုသာ ငုံ့ထားလျက် ထိုင်နေပြီး သူ့အား သတိထားမိပုံမပေါ်ပေ။
သီဟကတော့ စောယွန်းကို  ပြန်လည်ပြုံးပြသည်။ အစေခံများက စုံလင်လှသော
စားသောက်ဖွယ်ရာများကိုလည်း စားပွဲများ
အပြည့်ပြင်ဆင်ပေးသည်။ ထိုအချိန်တွင် အရှင်မင်းကြီး နှင့် တောင်နန်းစံမိဖုရားကြီး ယကြွချိလာသည်မို့ အားလုံးက အရိုပေးကြသည်။ 

သို့နှင့် ပွဲအခမ်းအနားက ဆက်လက်တည်ရှိနေပြီး လက်ဆောင်ပဏ္ဍာဆက်သ သူများကလည်း ယတစ်လှည့်စီပင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ 

စောယွန်းက သုန္ဓထိုင်နေသည့် နေရာထက် နိမ့်သော ကြမ်းပြင်ပေါ်မှ ကတ္တီပါဖုံပေါ်တွင်ထိုင်နေလျက်  အခန်းအနားကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ 

ဟေမန္တအလွန်Dove le storie prendono vita. Scoprilo ora